လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံအထူးပညာရေးအသင်းမှ လာရောက်တွေ့ဆုံခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာ ခန်းမတွင် ဇွန်လ (၂၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား မြန်မာနိုင်ငံအထူးပညာရေးအသင်း မှ ဥက္ကဌဖြစ်သူ ဦးထာအုပ် ဦးဆောင်သည့် အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူမှုဝန်ထမ်းဦးစီးဌာန နှင့် ဧဒင်မသန်စွမ်းသက်ငယ်များ ပြုစုရာရိပ်မြုံတို့ပူးပေါင်း၍ အင်္ဂလန်နိုင်ငံမှ With Love All Things Are Possible Charity, UK နှင့် University of Welverhampton(UOW) တို့၏ ကူညီမှုဖြင့် “အထူးဂရုပြုစောင့်ရှောက်ရန် လိုအပ်သောကလေးများ ပြုစုပျိုးထောင်ပေးမည့် ဆရာ/ဆရာမဖြစ်သင်တန်း” ကို ၂၀၁၃ ခုနှစ်မှ စတင်ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ရေရှည်တွင် စနစ်တကျ ဆက်လက်ဖွင့်လှစ်နိုင်ရန်အတွက် “မြန်မာနိုင်ငံအထူးပညာရေးအသင်း” (Myanmar Special Education Association MESA) ကိုဖွဲ့စည်းပြီး အသင်းအဖွဲ့မှတ်ပုံတင်ထားပြီးဖြစ်ပါကြောင်း ရှင်းလင်းတင်ပြပြီး၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးသင်တန်းများတွင် အထူးပညာရေးဘာသာရပ်အား ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်းသင်ကြားနိုင်ရေး ကိစ္စရပ်များ၊ သင်ရိုးညွှန်းတမ်းများအသစ်ရေးဆွဲရေးကိစ္စများ၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်း အထူးပညာရေးနှင့်ပတ်သက်သည့် ညီလာခံကျင်းပရေးကိစ္စရပ်များ၊ အထူးပြုစုစောင့်ရှောက်ရန် လိုအပ်သည့်ကလေးသူငယ်များ၏ မိဘများအား “အထူးပြုစုစောင့်ရှောက်ရန် လိုအပ်သောကလေးများပြုစုပျိုးထောင်ပေးခြင်း” သင်တန်းများ တက်ရောက်သင်ကြားရေးကိစ္စရပ်များနှင့် ရေရှည်တွင်အစိုးရဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။

Sign Up

Upcoming Events