Author Archives: RRD

  • ပြည်ခရိုင်၊ မင်းလှမြို့နယ်တွင် လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူ များသည် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ပေါက်ကုန်းနှင့် ထောက်ကြံ့ကွင်းကျေးရွာအုပ်စု၌ (၆-၇-၂၀၁၆) နေ့ လေဘေးဖြစ်ပွားခဲ့မှုတွင် ပြိုလဲ (၅)အိမ်၊ အမိုးလန် (၂၉)အိမ်တို့အတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေများနှင့် ဆန်ဖိုးငွေ စုစုပေါင်းငွေကျပ် (၉၅၈၇ဝဝ) ကို (၈-၇-၂၀၁၆)နေ့တွင် မင်းလှမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

  • ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့မှ တိုက်ပွဲရှောင် အိမ်ထောင်စုများနှင့် ဆော့လော်မြို့နယ် လန်ဆယ်ရေဘေးသင့်ပြည်သူ များအား ထောက်ပံ့ပေးမှု သတင်း

      (၆-၇-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့မှ နယ်မြေ လုံခြုံရေးအခြေအနေအရ ပြောင်းရွှေ့လာသော တိုက်ပွဲရှောင် အိမ်ထောင်စု (၃၀) စုနှင့် ဆော့လော်မြို့နယ် လန်ဆယ်ရေဘေးသင့်ဒေသမှ ပြောင်းရွှေ့အိမ်ထောင်စု (၄) စုတို့အား ငွေပျော်စံပြကျေးရွာသို့ ပြောင်းရွှေ့ပြန်လည်နေရာချထားရေး အခမ်းအနားပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ အိမ်ထောင်စု (၃၄) စုစာ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ပြည်နယ်ကျေးလက်ဦးစီးဌာနမှ တံမြတ်စည်းနု … Read more

  • ရခိုင်ပြည်နယ်အတွင်း မြို့နယ်(၅)မြို့နယ်တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိခြင်းနှင့် ကူညီကယ်ဆယ်မှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိခြင်း

    ရခိုင်ပြည်နယ်အတွင်း ၂၀၁၆ခုနှစ်၊ ဇူလိုင်လ(၄)ရက်မှ(၆)ရက်နေ့အတွင်းမိုးသည်းထန်စွာရွာသွန်းမှုနှင့် ဒီရေမြင့်တက်မှုများကြောင့် မြစ်ချောင်းများအတွင်းရေမြင့်တက်လာကာဘူးသီးတောင်မြို့နယ်၊ အမ်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်တို့တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်လျက်ရှိပြီးကူညီကယ်ဆယ်မှုများဆောင်ရွက်လျက်ရှိရာ(၇-၇-၂၀၁၆) နေ့တွင် ထပ်မံသတင်းရရှိမှုများအရ- ဘူးသီးတောင်မြို့နယ်တွင်ကျေးရွာအုပ်စု(၂)ခုမှ အိမ်(၉၀)လုံး၊ လူဦးရေ(၄၂၈)ဦး အမ်းမြို့နယ်တွင် ကျေးရွာ(၁၆)ရွာမှ အိမ်(၁၁၄၅)လုံး၊ လူဦးရေ(၄၆၈၇)ဦး ကျောက်တော်မြို့နယ်တွင် အိမ်(၁၃၀)လုံး၊ လူဦးရေ(၆၅၈)ဦး မြောက်ဦးမြို့နယ်တွင် ရပ်ကွက်(၂)ခုနှင့် ကျေးရွာ(၁၈)ရွာမှ အိမ်(၇၇၁)လုံး၊ လူဦးရေ(၃၆၉၆)ဦး မင်းပြားမြို့နယ်တွင် ရပ်ကွက်၊ကျေးရွာ(၅၁)ခုမှ အိမ်(၂၈၉၃)လုံး၊ လူဦးရေ(၁၂၀၁၀)ဦးတို့ ဘေးရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။ အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှု၀န်ထမ်း၊ ကယ်ဆယ် … Read more

  • သုံးခွမြို့နယ်၊ ကုန်းခလာကျေးရွာအုပ်စုနှင့် ရေခလာကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှု သတင်း

    သုံးခွမြို့နယ်၊ ကုန်းခလာအုပ်စုနှင့် ရေခလာကျေးရွာတွင် (၄-၇-၂၀၁၆) ရက်နေ့ ညနေ (၁၈းဝ၀) အချိန်မှ (၁၈းဝ၅) အချိန်အထိ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ရေခလာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ ၊ ဟိန္ဒူ ဘာသာရေးကျောင်းနှင့် လူနေအိမ် (၂၁) လုံးအမိုးလန်ပျက်စီးပြီး မူလတန်းကျောင်းခြံစည်းရိုးပြိုလဲကာ အိမ်ထောင်စု (၂၁) စု မှ လူဦးရေ (၉၁) ဦး ဘေးဒုက္ခရောက်ခဲ့ပါသည်။ အဆိုပါကျေးရွာမှာ သုံးခွမြို့မှ (၁၅) မိုင်ခန့်အကွာတွင်ရှိပြီး အောင်သာဒန်းကျေးရွာလမ်းအတိုင်း ကုန်းခလာ၊ ၄င်းမှ မစံမယ်တဲစု ရွာကိုဖြတ်ကာ လယ်ကန်သင်းအတိုင်း ဆိုင်ကယ်လမ်းဖြင့် … Read more

  • တောင်ကြီးမြို့နယ်၊ ရွှေညောင်အထက်တန်းကျောင်း၌ သဘာဝဘေးအသိ ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှု သတင်း

    (၆-၇-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် တောင်ကြီးမြို့နယ်၊ ရွှေညောင်အထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများ စုစုပေါင်းလူဦးရေ (၃၀၀) ခန့် တက်ရောက်ခဲ့ ကြပြီး နံရံကပ်စာစောင်များနှင့် လက်ကမ်းစာစောင်များ ဝေငှခြင်းနှင့် သဘာဝဘေး အသိပညာပေး ဗွီဒီယိုပြသ ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ်းခမ်းမြို့နှင့် မိုင်းတုံမြို့နယ် တိုက်ပွဲရှောင်စခန်းများမှ ကလေးငယ်များအား ထောက်ပံ့ပေးမှုသတင်း

      (၂ -၇ -၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ်းခမ်းမြို့နှင့် မိုင်းတုံမြို့နယ် တိုက်ပွဲရှောင်စခန်းများမှ ကလေးငယ် (၈၀) ဦးတို့အား ဒေသခံများက ( ၂ -၁- ၂၀၁၄) ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကျွန်းတောရပ်ကွက်၊ စန္ဒာရာမသီလရှင်စာသင်တိုက်၊ တိုက်အုပ်ဆရာတော် ဒေါ်ယုစန္ဒာထံသို့ အပ်နှံခဲ့ရာ သီလရှင်ဝတ်ပေးကာ ပညာသင်ကြားလျက်ရှိပါသည်။ အဆိုပါသီလရှင် (၈၀) ဦးအတွက် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ရေနှင့် သန့်ရှင်းရေးအသုံးအဆောင်ပစ္စည်း ( ၈၀) ထုပ်၊ … Read more

  • Workshop For Timeline ဆွေးနွေးပွဲပြုလုပ်ကျင်းပခြင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန နှင့် JICA Early Warning စနစ်အဆင့် မြှင့်တင်ရေးအဖွဲ့တို့ ပူးပေါင်း၍ အဖွဲ့အစည်းအလိုက် ကြိုတင်သတိပေးချက်စနစ် တုံ့ပြန်ဆောင်ရွက်မှု အစီအစဉ်များကို စနစ်တကျရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် ဆွေးနွေးပွဲတစ်ရပ်ကို (၅-၇-၂၀၁၆) ရက်နေ့က EOC အဆောက်အဦသစ်မှာ ကျင်းပခဲ့ပါသည်၊၊ အဆိုပါဆွေးနွေးပွဲသို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်၊၊

Sign Up

Upcoming Events