သုံးခွမြို့နယ်၊ ကုန်းခလာကျေးရွာအုပ်စုနှင့် ရေခလာကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှု သတင်း

2 3

သုံးခွမြို့နယ်၊ ကုန်းခလာအုပ်စုနှင့် ရေခလာကျေးရွာတွင် (၄-၇-၂၀၁၆) ရက်နေ့ ညနေ (၁၈းဝ၀) အချိန်မှ (၁၈းဝ၅) အချိန်အထိ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ရေခလာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ ၊ ဟိန္ဒူ ဘာသာရေးကျောင်းနှင့် လူနေအိမ် (၂၁) လုံးအမိုးလန်ပျက်စီးပြီး မူလတန်းကျောင်းခြံစည်းရိုးပြိုလဲကာ အိမ်ထောင်စု (၂၁) စု မှ လူဦးရေ (၉၁) ဦး ဘေးဒုက္ခရောက်ခဲ့ပါသည်။

အဆိုပါကျေးရွာမှာ သုံးခွမြို့မှ (၁၅) မိုင်ခန့်အကွာတွင်ရှိပြီး အောင်သာဒန်းကျေးရွာလမ်းအတိုင်း ကုန်းခလာ၊ ၄င်းမှ မစံမယ်တဲစု ရွာကိုဖြတ်ကာ လယ်ကန်သင်းအတိုင်း ဆိုင်ကယ်လမ်းဖြင့် သွားရောက်၍ ရေခလာ ဘုန်းတော်ကြီးကျောင်းတွင် ဘေးသင့်ပြည်သူများအား ဦးစီးဌာန၏ ထောက်ပံ့ဆောင်ရွက်နေမှု အခြေ အနေများ၊ လုပ်ငန်းဆောင်ရွက်မှုများအားပြောကြားပြီး ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၂၁) အိမ်ထောင်၊ ဘာသာရေးကျောင်းများနှင့် လူနေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ (၄၆၀၀၀၀) ကျပ်၊ ဆန် ရိက္ခာဘိုးထောက်ပံ့ငွေ (၈၁၉၀၀) ကျပ်တို့အား ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးနှင့်ဝန်ထမ်းများ၊ သုံးခွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၆-၆-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events