ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့မှ တိုက်ပွဲရှောင် အိမ်ထောင်စုများနှင့် ဆော့လော်မြို့နယ် လန်ဆယ်ရေဘေးသင့်ပြည်သူ များအား ထောက်ပံ့ပေးမှု သတင်း

 

Relief and Resettlement Department - Myanmar's photo.

(၆-၇-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့မှ နယ်မြေ လုံခြုံရေးအခြေအနေအရ ပြောင်းရွှေ့လာသော တိုက်ပွဲရှောင် အိမ်ထောင်စု (၃၀) စုနှင့် ဆော့လော်မြို့နယ် လန်ဆယ်ရေဘေးသင့်ဒေသမှ ပြောင်းရွှေ့အိမ်ထောင်စု (၄) စုတို့အား ငွေပျော်စံပြကျေးရွာသို့ ပြောင်းရွှေ့ပြန်လည်နေရာချထားရေး အခမ်းအနားပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ အိမ်ထောင်စု (၃၄) စုစာ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ပြည်နယ်ကျေးလက်ဦးစီးဌာနမှ တံမြတ်စည်းနု ကြမ်း ဖျာ (၃၄) ခု၊ ပြည်နယ်ကြက်ခြေနီအသင်းမှ Family kit (၃၄) စုံ၊ Hygienekit (၃၄) စုံ၊ Dignity kit (၃၄) စုံ၊ Shetter kit (၃၄) စုံ၊ Unicef အဖွဲ့အစည်းမှ ကျောင်းသုံးစာရေးကိရိယာနှင့် ကျောင်းသုံးကျောပိုးအိတ် (၂၉) အိတ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။


Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events