(၂ -၇ -၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ်းခမ်းမြို့နှင့် မိုင်းတုံမြို့နယ် တိုက်ပွဲရှောင်စခန်းများမှ ကလေးငယ် (၈၀) ဦးတို့အား ဒေသခံများက ( ၂ -၁- ၂၀၁၄) ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကျွန်းတောရပ်ကွက်၊ စန္ဒာရာမသီလရှင်စာသင်တိုက်၊ တိုက်အုပ်ဆရာတော် ဒေါ်ယုစန္ဒာထံသို့ အပ်နှံခဲ့ရာ သီလရှင်ဝတ်ပေးကာ ပညာသင်ကြားလျက်ရှိပါသည်။ အဆိုပါသီလရှင် (၈၀) ဦးအတွက် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ရေနှင့် သန့်ရှင်းရေးအသုံးအဆောင်ပစ္စည်း ( ၈၀) ထုပ်၊ WFP မှ ဘီစကစ် (၁၄) ရက်စာ (၂၂၄၀) ထုပ်နှင့် ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဆန်ရိက္ခာဖိုး( ၃ ) ရက်စာ (၇၂,၀၀၀/-) ကျပ် အား လူမှုရေးဝန်ကြီးခရီးစဉ်၌ လိုက်ပါ၍ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူး(ကဆရ)