ရခိုင်ပြည်နယ်အတွင်း မြို့နယ်(၅)မြို့နယ်တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိခြင်းနှင့် ကူညီကယ်ဆယ်မှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိခြင်း

68 69

ရခိုင်ပြည်နယ်အတွင်း ၂၀၁၆ခုနှစ်၊ ဇူလိုင်လ(၄)ရက်မှ(၆)ရက်နေ့အတွင်းမိုးသည်းထန်စွာရွာသွန်းမှုနှင့် ဒီရေမြင့်တက်မှုများကြောင့် မြစ်ချောင်းများအတွင်းရေမြင့်တက်လာကာဘူးသီးတောင်မြို့နယ်၊ အမ်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်တို့တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်လျက်ရှိပြီးကူညီကယ်ဆယ်မှုများဆောင်ရွက်လျက်ရှိရာ(၇-၇-၂၀၁၆) နေ့တွင် ထပ်မံသတင်းရရှိမှုများအရ-

  • ဘူးသီးတောင်မြို့နယ်တွင်ကျေးရွာအုပ်စု(၂)ခုမှ အိမ်(၉၀)လုံး၊ လူဦးရေ(၄၂၈)ဦး
  • အမ်းမြို့နယ်တွင် ကျေးရွာ(၁၆)ရွာမှ အိမ်(၁၁၄၅)လုံး၊ လူဦးရေ(၄၆၈၇)ဦး
  • ကျောက်တော်မြို့နယ်တွင် အိမ်(၁၃၀)လုံး၊ လူဦးရေ(၆၅၈)ဦး
  • မြောက်ဦးမြို့နယ်တွင် ရပ်ကွက်(၂)ခုနှင့် ကျေးရွာ(၁၈)ရွာမှ အိမ်(၇၇၁)လုံး၊ လူဦးရေ(၃၆၉၆)ဦး
  • မင်းပြားမြို့နယ်တွင် ရပ်ကွက်၊ကျေးရွာ(၅၁)ခုမှ အိမ်(၂၈၉၃)လုံး၊ လူဦးရေ(၁၂၀၁၀)ဦးတို့ ဘေးရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။

အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှု၀န်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ သက်ဆိုင်ရာဒေသရှိအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများပူးပေါင်းကာကူညီကယ်ဆယ်ရေးများဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဘေးသင့်ဒေသများသို့ ဆန်၊ ခေါက်ဆွဲထုပ်၊ ကြာဆံထုပ်၊ ရေသန့်၊ ကြက်ဥနှင့် Family Kits များ၊ ရေသန့်ဆေးပြားများဆက်လက်ပေးပို့ထောက်ပံ့ပေးလျက်ရှိကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events