Author Archives: RRD
-
တပ်ကုန်းမြို့၊ သံပုရာကုန်းကျေးရွာအုပ်စု၊ သံပရာကုန်းကျေးရွာနှင့် လက်ပန်အိုင့်ကျေးရွာရှိ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်း
(၂၆.၈.၂၀၁၆)ရက်နေ့တွင် ဖြစ်ပွားခဲ့သော တပ်ကုန်းမြို့၊ သံပုရာကုန်းအုပ်စု၊ သံပရာကုန်းကျေးရွာနှင့် လက်ပန်အိုင့်ကျေးရွာ ရေဘေးအတွက် ထပ်တိုးအိမ်ထောင်စု (၁၉)အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ဆီ(၅၀)ကျပ်သားတစ်ဗူးစီ၊ ရေသန့်ဆေးပြားများနှင့် ဆန်ဖိုးရန်ပုံငွေ (၇၂,၀၀၀)ကျပ်အား ပြည်ထောင်စု နယ်မြေဦးစီးမှူးရုံးမှ (၂၈.၈၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
ရေဘေးသင့်ဒေသများသို့ ကွင်းဆင်းလုပ်ငန်းဆောင်ရွက်မှုသတင်း
၁။ မမျှော်မှန်းနိုင်သောသဘာ၀ဘေးဒဏ်ကျရောက်လာလျှင် ဘေးသင့်ပြည်သူများအား အလျှင်အမြန် ကူညီထောက်ပံ့မှုပြုနိုင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်း ဆောင်ရွက်ပေးနေကြောင်း (၂၆-၈-၂၀၁၆) ရက်နေ့ နံနက် (၀၃:၀၀) နာရီအချိန်တွင် ဆင်သေချောင်းရေ ရုတ်တရက်မြင့်တက်စီးဆင်းမှုကြောင့် တပ်ကုန်းမြို့နယ်၊ သံပုရာကုန်းကျေးရွာနှင့် လက်ပံအိုင်ကျေးရွာတွင် အိမ် (၂၂) လုံး ရေမျောပါပျက်စီးခဲ့ပြီး (၂၁၂) အိမ် ရေ၀င်ပျက်စီးကာ (၁၀၃၈) ဦး ရေဘေးသင့်ခဲ့ကြောင်း ရမည်းသင်းမြို့နယ်၊ ဆက်ထိုးပေါက်ကျေးရွာနှင့် အောင်ချမ်းသာကျေးရွာတွင် အိမ် (၁၃) လုံး ရေမျောပါပျက်စီးကာ (၅၀) ဦး ရေဘေးသင့်ခဲ့ ကြောင်း လူမှု၀န်ထမ်း၊ … Read more
-
(၂၆-၈-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးရုံး၌ အလှူပစ္စည်းလက်ခံရရှိမှုသတင်း
(၂၆-၈-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးရုံးသို့ ဂျပန်နိုင်ငံအစိုးရကိုယ်စား အလှူရှင် ဂျပန်နိုင်ငံသံရုံး၊ သံမှူးကြီးမှ မြန်မာနိုင်ငံရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသော စောင် (၂,၀၀၀) ထည်၊ ပလက်စတစ် ပုံး (၁,၀၀၆) ပုံးနှင့် တာပေါ်လင်အခင်း (၁၀၀) ခုတို့အား လာရောက်လှူဒါန်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး
-
ဧရာ၀တီတိုင်းဒေသကြီးတွင် ဘေးထောက်ပံ့မှုသတင်း
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ဓနုဖြူမြို့နယ်နှင့် သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် (၈/၂၀၁၆)လအတွင်းဖြစ်ပွားခဲ့သော ကမ်းပြိုဘေး၊ ရေဘေးနှင့် လေဘေးများကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ်(၁၄၇)လုံး၊ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်နှင့် အမိုးလန်ပျက်စီးခဲ့သည့်နေအိမ် စုစုပေါင်း (၂၄၄)လုံး၊ စုစုပေါင်းနေအိမ် (၃၉၁) လုံးမှ အိမ်ထောင််စု(၃၉၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်းများအား ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများက (၂၆-၈-၂၀၁၆) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
ရေဘေးသင့်ပြည်သူများအတွက်အလှူငွေများပေးအပ်ခြင်းနှင့် အဖွဲ့အစည်းများမှတာ၀န်ရှိသူများအားတွေ့ဆုံမှုသတင်း
မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသောရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးကလှူဒါန်းငွေကျပ်သိန်း(၁၀၀)အားလည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊တပ်ကုန်းမြို့နယ်သဘင်အစည်းအရုံးကလှူဒါန်းငွေကျပ်(၈.၅)သိန်းအား လည်းကောင်းယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ၀န်ကြီးရုံးအစည်းအေ၀းခန်းမ၌ လာရောက်လှူဒါန်းရာအမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဉက္ကဌ၊ လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး ကလက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ပြည်ထောင်စု၀န်ကြီးသည် ၀န်ကြီးရုံးအစည်းအေ၀းခန်းမ၌ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်း၊ ကျား/မရေးရာတန်းတူညီမျှရေးကွန်ယက်နှင့်အမျိုးသမီးအဖွဲ့များကွန်ယက်တို့မှ တာ၀န်ရှိသူများနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီပြန်လည်ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိပြီးမူ၀ါဒ(၄)ရပ်၊ လုပ်ငန်းတာ၀န်(၁၉)ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် UNCEDAW အဖွဲ့၀င်နိုင်ငံဖြစ်၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးကိုဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ဆောင်ရွက်ချက်များသည် ပြည်သူတို့၏ လိုလားချက်နှင့် ကိုက်ညီမှုရှိရမည်ဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့ပြီးတက်ရောက်လာသည့် အဖွဲ့အသီးသီးမှ၄င်းတို့၏ လုပ်ငန်းဆောင်ရွက်ချက်များအားရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် ၀န်ကြီးရုံးမေခလာခန်းမ၌UNHCRအဖွဲ့အစည်းမှ … Read more
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း မြို့နယ်တို့တွင် ဆင်သေချောင်းရေ ရုတ်တရက်မြင့်တက်မှုကြောင့် လူနေအိမ်များမျောပါပျက်စီးခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင် ဦးဆောင်သည့်အဖွဲ့ ရေဘေးသင့်ကျေးရွာများသို့သွားရောက်၍ ကူညီထောက်ပံ့မှု ဆောင်ရွက်ခြင်း
၁။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တို့တွင် (၂၆-၈-၂၀၁၆)နေ့ နံနက်(၃)နာရီအချိန်ခန့်က ဆင်သေချောင်းရေရုတ်တရက်မြင့်တက်လာပြီး တပ်ကုန်းမြို့နယ်၊ သံပုရာ ကုန်းကျေးရွာအုပ်စု၊ သံပုရာကုန်းကျေးရွာနှင့် လက်ပံအိုင်ကျေးရွာ၊ ရမည်းသင်းမြို့နယ်၊ ဆက်ထိုးပေါက်ရွာနှင့်အောင်ချမ်းသာရွာတို့တွင် လူနေအိမ်များ ရေနစ်မြုပ်ပျက်စီးခြင်းတို့ ဖြစ်ခဲ့ပါသည်။ ၂။ အဆိုပါ ရေကြီးမှုကြောင့် တပ်ကုန်းမြို့နယ်၊ လက်ပံအိုင်ကျေးရွာတွင် အိမ်(၂၀)လုံးရေမျောပါ ၍ နေအိမ်(၇၂)လုံး၊ စာသင်ကျောင်း(၁)ကျောင်း၊ ၀န်ထမ်းအိမ်ရာ(၂)လုံး ရေ၀င်ပျက်စီးခဲ့ကာ စုစုပေါင်းလူဦးရေ(၄၀၆)ဦး ရေဘေးဒဏ်ခံစားခဲ့ရပြီး သံပုရာကုန်းကျေးရွာတွင် အိမ်(၂)လုံး ရေထဲမျောပါ၍ နေအိမ်(၁၄၀)လုံး၊ စာသင်ကျောင်း(၁)ကျောင်း၊ ၀န်ထမ်းအိမ်ရာ(၁)လုံး၊ ဘုန်းကြီးကျာင်း(၁)ကျောင်း ရေ၀င်ပျက်စီးခဲ့ကာ … Read more
-
ဂျပန်နိုင်ငံအစိုးရ ကိုယ်စားအလှူရှင်ဂျပန်နိုင်ငံသံရုံး၊ သံမှူးကြီးမှ မြန်မာနိုင်ငံရေဘေးသင့်ပြည်သူများအတွက်လှူဒါန်းမှုသတင်း
(၂၆-၈-၂၀၁၆)ရက်နေ့တွင် ဂျပန်နိုင်ငံအစိုးရ ကိုယ်စားအလှူရှင်ဂျပန်နိုင်ငံသံရုံး၊ သံမှူးကြီးမှ မြန်မာနိုင်ငံရေဘေးသင့်ပြည်သူများအတွက် စောင်(၂၀၀၀)ထည်၊ ပလက်စတစ် ပုံး(၁၀၀၆)ပုံးနှင့်တာပေါ်လင်အခင်း(၁၀၀)ခုတို့ အားလာရောက်လှူဒါန်းခဲ့ရာ ရန်ကုန် တိုင်းဒေသကြီး၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ လက်ခံခဲ့ကြောင်းသိရှိရပါသည်၊၊
-
(၂၅-၈-၂၀၁၆) ရက်နေ့ (၁၅:၀၀)နာရီအချိန်ထိ ငလျင်လှုပ်ခတ်မှုသတင်းနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေ
၁။ ၂၀၁၆ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် (၁၇) နာရီ (၀၄) မိနစ် (၅၅) စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၂၃) မိုင်ခန့်ကွာ ဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ချောက်မြို့၏အနောက်ဘက် (၁၂)မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၆.၈) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် လှုပ်ခတ်မှုနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနအနေဖြင့် ၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာနတွင် … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြေငလျင်ကြောင့် အသက် ဆုံးရှုံးပျက်စီးမှုများကို လိုက်လံကြည့်ရှုအားပေးစကားပြောကြားခြင်း
၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ညနေပိုင်းတွင် ဖြစ်ပေါ်ခဲ့သော မြေငလျင်ကြောင့် မြန်မာနိုင်ငံရှိဒေသအချို့တွင် စေတီပုထိုးများ ပြိုကျပျက်စီး ခြင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအဆောက်အဦများ ပျက်စီးခြင်း၊ လမ်း တံတားများပျက်စီးခြင်းနှင့် လူများထိခိုက်ဒဏ်ရာရရှိခြင်း၊ လူ (၃) ဦး သေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ရှိ ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့သော စူဠာမဏိစေတီ၊ စေတနာကြီးပုထိုးတော်တို့အား ကြည့်ရှုလေ့လာခဲ့ပါသည်။ မြေငလျင်ကြောင့် ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း … Read more
