ရေဘေးသင့်ပြည်သူများအတွက်အလှူငွေများပေးအပ်ခြင်းနှင့် အဖွဲ့အစည်းများမှတာ၀န်ရှိသူများအားတွေ့ဆုံမှုသတင်း

မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသောရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးကလှူဒါန်းငွေကျပ်သိန်း(၁၀၀)အားလည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊တပ်ကုန်းမြို့နယ်သဘင်အစည်းအရုံးကလှူဒါန်းငွေကျပ်(၈.၅)သိန်းအား လည်းကောင်းယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ၀န်ကြီးရုံးအစည်းအ‌ေ၀းခန်းမ၌ လာရောက်လှူဒါန်းရာအမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဉက္ကဌ၊ လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး ကလက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ပြည်ထောင်စု၀န်ကြီးသည် ၀န်ကြီးရုံးအစည်းအ‌ေ၀းခန်းမ၌ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်း၊ ကျား/မရေးရာတန်းတူညီမျှရေးကွန်ယက်နှင့်အမျိုးသမီးအဖွဲ့များကွန်ယက်တို့မှ တာ၀န်ရှိသူများနှင့်   တွေ့ဆုံရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီပြန်လည်ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိပြီးမူ၀ါဒ(၄)ရပ်၊ လုပ်ငန်းတာ၀န်(၁၉)ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  မိမိတို့နိုင်ငံသည် UNCEDAW အဖွဲ့၀င်နိုင်ငံဖြစ်၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးကိုဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ဆောင်ရွက်ချက်များသည် ပြည်သူတို့၏ လိုလားချက်နှင့် ကိုက်ညီမှုရှိရမည်ဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့ပြီးတက်ရောက်လာသည့် အဖွဲ့အသီးသီးမှ၄င်းတို့၏ လုပ်ငန်းဆောင်ရွက်ချက်များအားရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

ယင်းနောက်  ၀န်ကြီးရုံးမေခလာခန်းမ၌UNHCRအဖွဲ့အစည်းမှ Director for Bureau for Asia and the Pacificဖြစ်သူMs. Daisy Dell ဦးဆောင်သည့်အဖွဲ့ဝင်များ ၊        Danish Refugee Council (DRC)အဖွဲ့အစည်းမှ Country Director ဖြစ်သူ  Mr. Stephen Robert  Willimasဦးဆောင်သည့်အဖွဲ့ဝင်များအား သီးခြားစီလက်ခံတေွ့ဆုံ၍နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများနှင့်စစ်ဘေးရှောင်စခန်းများရှိပြည်သူများအားလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီဆက်လက်ပံ့ပိုးပေးနိုင်ရန်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိလူအဖွဲ့အစည်း(၂)ခုအတွက် အဖြေရှာနိုင်ရေးကြိုးပမ်းဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂနိုင်ငံခြားသားဝန်ထမ်းများ၏ဗီဇာကိစ္စ၊ ခရီးသွားလာခွင့်ကိစ္စရပ်များ၊DRCအဖွဲ့အစည်းနှင့် နားလည်မှုစာချွန်လွှာရေးထိုး၍ဆောင်ရွက်နေမှုကိစ္စရပ်များ၊နားလည်မှုစာချွန်လွှာသက်တမ်းတိုးမြှင့်ရေးဆောင်ရွက်မည့်ကိစ္စရပ်များ၊ ကယားပြည်နယ်တွင်မိုင်းအန္တရာယ်နှင့်ပတ်သက်၍အကူအညီကိရိယာမပါဘဲရှာဖွေစစ်ဆေးခြင်းကိုဆောင်ရွက်နိုင်မှုကိစ္စရပ်များ၊ မိုင်းအန္တရာယ်အသိပညာပေးရေးနှင့်ပတ်သက်၍ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် တိုးချဲ့ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ရခိုင်ပြည်နယ်တွင်သက်မွေးဝမ်းကျောင်းပညာရပ်များသင်ကြားပေးနိုင်မည့်ကိစ္စရပ်များနှင့်ပတ်သက်၍ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံလူငယ်မူ၀ါဒရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပရာ ြပည်ထောင်စုဝန်ကြီးကလူငယ်မူဝါဒရေးဆွဲရာတွင် လူငယ်များကိုယ်တိုင် ပါဝင်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လူငယ်ကိုယ်စားလှယ်များရွေးချယ်ရန် နေရာဒေသအသီးသီးတွင် လူငယ်ဆွေးနွေးပွဲများ၊ စစ်တမ်းကောက်ယူမှုများ၊ လူငယ်ဖိုရမ်များကျင်းပလျက်ရှိကြရာလိုအပ်သောကူညီမှုများပေးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးကြကြောင်းသိရှိရပါသည်။

 

Sign Up

Upcoming Events