ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း မြို့နယ်တို့တွင် ဆင်သေချောင်းရေ ရုတ်တရက်မြင့်တက်မှုကြောင့် လူနေအိမ်များမျောပါပျက်စီးခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင် ဦးဆောင်သည့်အဖွဲ့ ရေဘေးသင့်ကျေးရွာများသို့သွားရောက်၍ ကူညီထောက်ပံ့မှု ဆောင်ရွက်ခြင်း

3

24 31 32 33 34 35 36 1 2

၁။        ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တို့တွင် (၂၆-၈-၂၀၁၆)နေ့ နံနက်(၃)နာရီအချိန်ခန့်က ဆင်သေချောင်းရေရုတ်တရက်မြင့်တက်လာပြီး တပ်ကုန်းမြို့နယ်၊ သံပုရာ ကုန်းကျေးရွာအုပ်စု၊ သံပုရာကုန်းကျေးရွာနှင့် လက်ပံအိုင်ကျေးရွာ၊ ရမည်းသင်းမြို့နယ်၊ ဆက်ထိုးပေါက်ရွာနှင့်အောင်ချမ်းသာရွာတို့တွင် လူနေအိမ်များ ရေနစ်မြုပ်ပျက်စီးခြင်းတို့ ဖြစ်ခဲ့ပါသည်။

၂။        အဆိုပါ ရေကြီးမှုကြောင့် တပ်ကုန်းမြို့နယ်၊ လက်ပံအိုင်ကျေးရွာတွင် အိမ်(၂၀)လုံးရေမျောပါ ၍ နေအိမ်(၇၂)လုံး၊ စာသင်ကျောင်း(၁)ကျောင်း၊ ၀န်ထမ်းအိမ်ရာ(၂)လုံး ရေ၀င်ပျက်စီးခဲ့ကာ စုစုပေါင်းလူဦးရေ(၄၀၆)ဦး ရေဘေးဒဏ်ခံစားခဲ့ရပြီး သံပုရာကုန်းကျေးရွာတွင် အိမ်(၂)လုံး ရေထဲမျောပါ၍ နေအိမ်(၁၄၀)လုံး၊ စာသင်ကျောင်း(၁)ကျောင်း၊ ၀န်ထမ်းအိမ်ရာ(၁)လုံး၊ ဘုန်းကြီးကျာင်း(၁)ကျောင်း  ရေ၀င်ပျက်စီးခဲ့ကာ စုစုပေါင်းလူဦးရေ(၆၃၂)ဦးရေဘေးဒဏ် ခံစားခဲ့ရပါသည်။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်ဦးဆောင်သည့်အဖွဲ့သည် ရေဘေးသင့်ကျေးရွာများသို့သွားရောက်၍ ဘေးသင့် ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ရေမျောပါနေအိမ်(၂၂)လုံးအတွက် အိမ်(၁)လုံးလျှင် (၅၀၀၀၀/-) နှုန်းဖြင့် (၁၁,၀၀,၀၀၀/)(တစ်ဆယ့်တစ်သိန်း)၊ ဆန်ဖိုးထောက်ပံ့ ငွေ (၉၃၄,၂၀၀/-)(ကိုးသိန်းသုံး သောင်းလေးထောင့်နှစ်ရာ)နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၂၃၄)အိမ်ထောင်စာတို့ကို ထောက်ပံ့ပေးခဲ့ပါသည်။

၃။        မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင်လည်း ဆက်ထိုးပေါက်ရွာတွင် အိမ်(၇)လုံး နှင့်အောင်ချမ်းသာရွာတွင်(၆)လုံး ရေမျောပါပျက်စီးခဲ့ကြောင်း ကနဦးသတင်းရရှိပြီး ထောက်ပံ့ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source :   ကယ်ဆယ်ရေး

Sign Up

Upcoming Events