၁။ မမျှော်မှန်းနိုင်သောသဘာ၀ဘေးဒဏ်ကျရောက်လာလျှင် ဘေးသင့်ပြည်သူများအား အလျှင်အမြန် ကူညီထောက်ပံ့မှုပြုနိုင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်း ဆောင်ရွက်ပေးနေကြောင်း (၂၆-၈-၂၀၁၆) ရက်နေ့ နံနက် (၀၃:၀၀) နာရီအချိန်တွင် ဆင်သေချောင်းရေ ရုတ်တရက်မြင့်တက်စီးဆင်းမှုကြောင့် တပ်ကုန်းမြို့နယ်၊ သံပုရာကုန်းကျေးရွာနှင့် လက်ပံအိုင်ကျေးရွာတွင် အိမ် (၂၂) လုံး ရေမျောပါပျက်စီးခဲ့ပြီး (၂၁၂) အိမ် ရေ၀င်ပျက်စီးကာ (၁၀၃၈) ဦး ရေဘေးသင့်ခဲ့ကြောင်း ရမည်းသင်းမြို့နယ်၊ ဆက်ထိုးပေါက်ကျေးရွာနှင့် အောင်ချမ်းသာကျေးရွာတွင် အိမ် (၁၃) လုံး ရေမျောပါပျက်စီးကာ (၅၀) ဦး ရေဘေးသင့်ခဲ့ ကြောင်း လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့်အဖွဲ့သည် ဘေးသတင်းရလျှင်/ ရခြင်း အလျှင်အမြန်တုန့်ပြန်မှုပြုသည့်အနေဖြင့် အဆိုပါဒေသသို့ ဘေးဖြစ်သည့် နံနက်တွင် ကယ်ဆယ်ရေးပစ္စည်းများ၊ ဆန်ရိက္ခာဖိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ စုစုပေါင်း ကျပ်သိန်း (၉၀) ကျော် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း ယနေ့တွင်လည်း ရေဘေးသင့်ရာဒေသသို့ လတ်တလော ထပ်မံလိုအပ်မည့် စားသုံးဆီ၊ ငါးသေတ္တာ၊ အာဟာရမှုန့်၊ စောင်နှင့် အ၀တ်အထည်များကို ဘေးသင့်ပြည်သူများအားလုံးအတွက် ထပ်မံလာရောက် ထောက်ပံ့ခြင်း၊ ဘေးသင့်ပြည်သူများအတွက် အားပေးစကား လာရောက်ပြောကြားခြင်းဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံပြောကြားခဲ့ပါသည်။
၂။ ယင်းနောက် သံပုရာကုန်းကျေးရွာနှင့် လက်ပံအိုင်ကျေးရွာမှ ရေဘေးသင့်ပြည်သူများအတွက် ငါးသေတ္တာ၊ စားသုံးဆီ၊ စောင်၊ အ၀တ်အထည်နှင့် အာဟာရမှုန့်များ ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ခဲ့ပြီးမြန်မာနိုင်ငံကြက်ခြေနီအသင်းမှလည်းထောက်ပံ့မှုများပြုလုပ်ခဲ့ပါသည်။
၃။ ထို့နောက် ရေဘေးသင့်ကလေးငယ်များအားကစားစရာနှင့် စားသောက်ဖွယ်ရာများကိုပေးအပ်ခဲ့ပါသည်။
၄။ ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးသည် သံပုရာကုန်းကျေးရွာသို့သွားရောက်၍ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီးရေဘေးကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် သံပုရာကုန်းကျေးရွာ၊ အထက်တန်းကျောင်းခွဲနှင့် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ရှင်းလင်းရေးဆောင်ရွက်နေသော တပ်မတော် သားများနှင့် ပြည်သူများအားအားပေးစကားပြောကြားခြင်း၊ ထောက်ပံ့ငွေများပေးအပ်ခြင်း၊ ကလေးငယ်များအားကစားစရာပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ဝေငှခြင်း၊ သံပုရာကုန်းကျေးရွာဘုန်းကြီးကျောင်းကျောင်းထိုင်ဆရာတော်အားသင်္ကန်းဆက်ကပ်ခြင်း၊ ဒေသလိုအပ်ချက်များ လျှောက်ထားမေးမြန်းခြင်းတို့အား ဆောင် ရွက်ခဲ့ပါသည်။
၅။ ဘေးသင့်ပြည်သူများ၏ တောင်းဆိုချက်များဖြစ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဒေသလိုအပ်ချက်ဖြစ်သော စာသင်ကျောင်းများပြင်ဆင်ခြင်း၊ စိုက်ပျိုးရေးသုံးပစ္စည်းများထောက်ပံ့ခြင်း၊ ချောင်းဘေးမြေနိမ့်ပိုင်းရှိ ရေဘေးသင့်နေအိမ်များအား သင့်လျော်သလိုနေရာချထားနိုင်ရေးညှိနှိုင်းခြင်း၊ ကျေးလက်လမ်းများ အဆင့်မြှင့်တင်ခြင်း၊ ရေကောင်းရေသန့်ရရှိရေး ကူညီဆောင်ရွက်ပေးခြင်းတို့အားသက်ဆိုင်ရာ၀န်ကြီးဌာနများ၊နေပြည်တော်ကောင်စီတို့နှင့် ဆက်လက်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။
Source: MSWRR