Author Archives: RRD
-
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ ကဇင်းတောကျောင်းစုကျေးရွာရှိ မြစ်ကမ်းပြိုဘေးသင့်ပြည်သူများအား ကွင်းဆင်းထောက်ပံ့ခြင်း
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ ကဇင်းတောကျောင်းစုကျေးရွာတွင် (၂၆.၈.၂၀၁၆)ရက်နေ့၌ မြစ်ကမ်းပြိုကျမှုကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၂၅)လုံး၊ အိမ်ထောင်စု(၂၅)စုမှ လူဦးရေ (၁၀၈)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၄)မျိုး၊ (၂၅)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁)အိမ်လျှင် ငွေ (၂၀,၀၀၀/-)ကျပ်နှုန်းဖြင့် (၅၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး(၃)ရက်စာ ငွေ(၉၇,၂၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၅၉၇,၂၀၀/-) အား (၁.၉.၂၀၁၆)ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများက ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထပ်မံဝင်ရောက်လာသော ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအား ထောက်ပံ့မှုသတင်း
တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ ထပ်မံဝင်ရောက်လာသော အိမ်ထောင်စု (၃) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၃) စုစာနှင့် လူဦးရေ (၁၉) အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး (၃၉၉၀၀/-) ကျပ်အား မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ထွေ/အုပ်ရုံးမှတစ်ဆင့် (၃၁-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တပ်ကုန်းမြို့၊ သံပုရာကုန်းကျေးရွာအုပ်စု၊ သံပရာကုန်းကျေးရွာနှင့် လက်ပန်အိုင့်ကျေးရွာရှိ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်း
(၂၆.၈.၂၀၁၆)ရက်နေ့တွင် ဖြစ်ပွားခဲ့သော တပ်ကုန်းမြို့၊ သံပုရာကုန်းအုပ်စု၊ သံပရာကုန်းကျေးရွာနှင့် လက်ပန်အိုင့်ကျေးရွာရေဘေးတွင် ရေဝင်ရောက်ခဲ့သောအိမ်ထောင်စု (၂၃၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၂၀,၀၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေ(၄,၆၂၀,၀၀၀/-) ကျပ် အား လက်ပန်အိုင့်ကယ်ဆယ်ရေးစခန်းသို့ (၃၁.၈၂၀၁၆)ရက်နေ့တွင် ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ မီးဘေးသင့်သူများအား ထောက်ပံ့ခြင်း
(၂၉.၈.၂၀၁၆) ရက်နေ့၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်တွင် နေအိမ်တစ်အိမ် မီးလောင်ကျွမ်းခဲ့ပြီး ၄င်းမီးဘေးသင့်နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀/-)ကျပ်၊ မီးဘေးသင့်သူ (၄)ဦးအတွက် ဆန်ရိက္ခာဖိုး (၃)ရက်စာ ငွေ(၃၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးတို့ကို (၁.၉.၂၀၁၆) ရက်နေ့တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁.၈.၂၀၁၆)ရက်နေ့တွင် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ဖျာပုံမြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဖျာပုံမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၁၂၀)ဦးအား သဘာဝဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး နံရံကပ်ပိုစတာနှင့် လက်ကမ်းစာစောင်များလည်း ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်တွင် မီးဘေးထောက်ပံ့ပေးမှုသတင်း
(၂၉-၈-၂၀၁၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်တွင် ဝါယာရှော့ဖြစ်၍ နေအိမ် (၄) လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ မီးဘေးသင့်နေအိမ်များအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၄) အိမ်ထောင်စာ၊ အိမ်ဆောင်ပစ္စည်းဖိုးငွေ (၁) အိမ်လျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၀၀,၀၀၀) ကျပ်၊ (Unicef Family Kit) ၊ (Hygiene Kit )၊ ဆန်၊ ခေါက်ဆွဲခြောက်၊ နို့ဆီဗူး၊ … Read more
-
(၂၉-၈-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးရုံး၌ အလှူပစ္စည်းလက်ခံရရှိမှုသတင်း
(၂၉-၈-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးရုံးသို့ (Siam Cement Group SCG) ကုမ္ပဏီမှ ကျပ်သိန်း (၂၄၀) တန်ဖိုးရှိ Relief Bags အိတ် (၂,၀၀၀) အား ရေဘေးသင့်ပြည်သူများအတွက် လာရောက်လှူဒါန်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား International Labour Organization (ILO) အဖွဲ့အစည်းမှလာရောက်တွေ့ဆုံခြင်း
နေပြည်တော်၊ (၃၀.၈.၂၀၁၆) ၁။ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ သြဂုတ်လ (၃၀)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား International Labour Organization (ILO) အဖွဲ့ အစည်းမှ Liaison Officer ဖြစ်သူ Mr. Rory Mungoven ဦးဆောင်သည့် အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။ ၂။ ထိုသို့တွေ့ဆုံရာ၌ ကလေးအလုပ်သမားကိစ္စရပ်များနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး ကိစ္စရပ်များ၊ လူငယ်မူဝါဒရေးဆွဲ နေမှုအခြေအနေများ၊ လူငယ်များအတွက်သက်မွေးဝမ်းကျောင်းသင်တန်းများ ဆောင်ရွက် … Read more
-
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ ကုလားကျေးရွာရှိ ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်း
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ ကုလားကျေးရွာတွင် (၂၉.၈.၂၀၁၆)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ထောင်စု(၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ရေသန့်ဆေး၊ ဘေးသင့်ပြည်သူ (၇)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး တစ်အိမ်ထောင်လျှင် (၅၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၁၅၀၀၀၀/-) ကျပ်အား ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ (၂၉.၈.၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
