(၂၉-၈-၂၀၁၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်တွင် ဝါယာရှော့ဖြစ်၍ နေအိမ် (၄) လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ မီးဘေးသင့်နေအိမ်များအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၄) အိမ်ထောင်စာ၊ အိမ်ဆောင်ပစ္စည်းဖိုးငွေ (၁) အိမ်လျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၀၀,၀၀၀) ကျပ်၊ (Unicef Family Kit) ၊ (Hygiene Kit )၊ ဆန်၊ ခေါက်ဆွဲခြောက်၊ နို့ဆီဗူး၊ ငါးသေတ္တာနှင့် အဝတ်အထည်များအား (၃၀-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး