(၂၉.၈.၂၀၁၆) ရက်နေ့၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်တွင် နေအိမ်တစ်အိမ် မီးလောင်ကျွမ်းခဲ့ပြီး ၄င်းမီးဘေးသင့်နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀/-)ကျပ်၊ မီးဘေးသင့်သူ (၄)ဦးအတွက် ဆန်ရိက္ခာဖိုး (၃)ရက်စာ ငွေ(၃၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးတို့ကို (၁.၉.၂၀၁၆) ရက်နေ့တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source : ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)