လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား International Labour Organization (ILO) အဖွဲ့အစည်းမှလာရောက်တွေ့ဆုံခြင်း

7

နေပြည်တော်၊

(၃၀.၈.၂၀၁၆)

၁။        လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ သြဂုတ်လ (၃၀)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား International Labour Organization (ILO) အဖွဲ့ အစည်းမှ Liaison Officer ဖြစ်သူ Mr. Rory Mungoven ဦးဆောင်သည့် အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။

၂။         ထိုသို့တွေ့ဆုံရာ၌ ကလေးအလုပ်သမားကိစ္စရပ်များနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး ကိစ္စရပ်များ၊ လူငယ်မူဝါဒရေးဆွဲ နေမှုအခြေအနေများ၊ လူငယ်များအတွက်သက်မွေးဝမ်းကျောင်းသင်တန်းများ ဆောင်ရွက် ပေးနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events