ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁.၈.၂၀၁၆)ရက်နေ့တွင် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ဖျာပုံမြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဖျာပုံမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၁၂၀)ဦးအား သဘာဝဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး နံရံကပ်ပိုစတာနှင့် လက်ကမ်းစာစောင်များလည်း ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source : ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)