ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ ကဇင်းတောကျောင်းစုကျေးရွာရှိ မြစ်ကမ်းပြိုဘေးသင့်ပြည်သူများအား ကွင်းဆင်းထောက်ပံ့ခြင်း

3 4 IMG_20160901_111854

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ ကဇင်းတောကျောင်းစုကျေးရွာတွင် (၂၆.၈.၂၀၁၆)ရက်နေ့၌ မြစ်ကမ်းပြိုကျမှုကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၂၅)လုံး၊  အိမ်ထောင်စု(၂၅)စုမှ လူဦးရေ (၁၀၈)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၄)မျိုး၊ (၂၅)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁)အိမ်လျှင် ငွေ (၂၀,၀၀၀/-)ကျပ်နှုန်းဖြင့် (၅၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး(၃)ရက်စာ ငွေ(၉၇,၂၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၅၉၇,၂၀၀/-) အား (၁.၉.၂၀၁၆)ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများက ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source : ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events