Author Archives: RRD

  • ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န် ရှိသူများသည် ပဲခူးမြို့၊ ဥဿာမြို့သစ်၊ အမှတ် (၁)ရပ်ကွက်၊ တိဿလမ်းနှင့် မဟာကြီးတောရလမ်း ကြားရှိ၊ မင်းဓမ္မအနောက်ကျောင်းတွင် ဖြစ်ပွားခဲ့သောမီးဘေးအတွက် ကျောင်းဆောက်ပစ္စည်း တန်ဖိုးငွေကျပ် (၂၀၀,၀၀၀)နှင့် သင်္ကန်းတစ်စုံတန်ဖိုးငွေကျပ် (၁၈,၀၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၂၁၈,၀၀၀) အား (၁၀-၉-၂၀၁၆)  ရက်နေ့တွင် ဘေးသင့်ဘုန်းတော်ကြီးကျောင်းသို့သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • မြောက်ဦးခရိုင်၊ မင်းပြားမြို့တွင် မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံး ရှိတာ၀န်ရှိသူများသည် မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်တွင် (၉-၉-၂၀၁၆)ရက်နေ့ (၁၃:၅၀)အချိန်၌ ဖြစ်ပွားခဲ့သောမီးဘေးသင့် အိမ်ထောင်စု (၁)စု၊ လူဦးရေ (၈)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၅၀၀၀၀)နှင့်           ဆန်ရိက္ခာ တန်ဖိုးငွေကျပ် (၇၂၀၀)အား (၁၀-၉-၂၀၁၆)ရက်နေ့ တွင်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အလှူပစ္စည်းလက်ခံရရှိမှုသတင်း

    (၉-၉-၂၀၁၆)ရက်နေ့၊ (၁၆:၀၀)နာရီတွင် မေတ္တာအလင်းရောင် 22 donation groupမှ ရေဘေးသင့်ပြည်သူများအတွက် စောင်(၅)အိတ်၊ ဆန်(၁၀)အိတ်၊ ရေသန့်(၃၀)ကဒ်၊ ခေါက်ဆွဲခြောက် (၄)ကာတွန်း၊ အဝတ်အထည် ဟောင်းထုပ်(၆)ထုပ်အား ရန်ကုန်တိုင်းဒေသကြီးကယ်ဆယ်ရေးရုံးသို့ လာရောက်လှူဒါန်းခဲ့ရာ တိုင်းဦးစီးမှူးရုံးရှိတာ၀န်ရှိသူမှ လက်ခံရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား youth policy development (UNFPA) အဖွဲ့မှ လာရောက်တွေ့ဆုံမှုသတင်း

    နေပြည်တော်၊ စက်တင်ဘာလ (၉) ရက်         လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ စက်တင်ဘာလ (၉) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား youth policy development (UNFPA) အဖွဲ့မှ အဖွဲ့ဝင်များလာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူငယ်မူဝါဒရေးဆွဲဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ် များ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးလုပ်ငန်းအဖွဲ့မှ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လူငယ်ဖိုရမ် များကျင်းပ၍ ဆောင်ရွက်နေမှုအခြေအနေများ၊ လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေ များ၊လူငယ်မူဝါဒရေးဆွဲရေးနှင့်ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရန် သတင်းမီဒီယာ၊ … Read more

  • ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ ရွှေထွန်းကျေးရွာလေဘေးအတွက် ထောက်ပံ့မှုသတင်း

    ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ ရွှေထွန်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံး အမိုးလန် ပျက်စီးခဲ့ပါသည်။ အဆိုပါ အမိုးလန်ပျက်စီးအိမ်အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၂၀,၀၀၀) နှင့် ဆန်ရိက္ခာဖိုးငွေကျပ် (၂,၇၀၀)၊ စုစုပေါင်း (၂၂,၇၀၀) အား (၈-၉-၂၀၁၆) ရက်နေ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

  • ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ တရဂူရွာဟောင်းကျေးရွာအတွင်းရှိ ငလျင်ဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    ၂၄-၈-၂၀၁၆) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ တရဂူရွာဟောင်းကျေးရွာတွင် လူနေအိမ် (၁) လုံး အုတ်နံရံ ပြိုကျပျက်စီးခဲ့ပါသည်။ အဆိုပါ ပျက်စီးအိမ်အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၂၀,၀၀၀) နှင့် မိသားစုဝင် (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၃) ရက်စာ (၄,၅၀၀) တို့အား (၇-၉-၂၀၁၆) ရက်နေ့တွင် မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events