ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ ရွှေထွန်းကျေးရွာလေဘေးအတွက် ထောက်ပံ့မှုသတင်း

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ ရွှေထွန်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံး အမိုးလန် ပျက်စီးခဲ့ပါသည်။ အဆိုပါ အမိုးလန်ပျက်စီးအိမ်အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၂၀,၀၀၀) နှင့် ဆန်ရိက္ခာဖိုးငွေကျပ် (၂,၇၀၀)၊ စုစုပေါင်း (၂၂,၇၀၀) အား (၈-၉-၂၀၁၆) ရက်နေ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Sign Up

Upcoming Events