ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ တရဂူရွာဟောင်းကျေးရွာအတွင်းရှိ ငလျင်ဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

၂၄-၈-၂၀၁၆) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ တရဂူရွာဟောင်းကျေးရွာတွင် လူနေအိမ် (၁) လုံး အုတ်နံရံ ပြိုကျပျက်စီးခဲ့ပါသည်။ အဆိုပါ ပျက်စီးအိမ်အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၂၀,၀၀၀) နှင့် မိသားစုဝင် (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၃) ရက်စာ (၄,၅၀၀) တို့အား (၇-၉-၂၀၁၆) ရက်နေ့တွင် မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events