လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား youth policy development (UNFPA) အဖွဲ့မှ လာရောက်တွေ့ဆုံမှုသတင်း

နေပြည်တော်၊ စက်တင်ဘာလ (၉) ရက်

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ စက်တင်ဘာလ (၉) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား youth policy development (UNFPA) အဖွဲ့မှ အဖွဲ့ဝင်များလာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာ၌ လူငယ်မူဝါဒရေးဆွဲဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ် များ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးလုပ်ငန်းအဖွဲ့မှ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လူငယ်ဖိုရမ် များကျင်းပ၍ ဆောင်ရွက်နေမှုအခြေအနေများ၊ လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေ များ၊လူငယ်မူဝါဒရေးဆွဲရေးနှင့်ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရန် သတင်းမီဒီယာ၊ လူမှုကွန်ယက်များမှတဆင့် ဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အသေးစိတ်လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါ သည်။

Source:  MSWRR   

Sign Up

Upcoming Events