Author Archives: RRD
-
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ အရှေ့ရပ်ကွက်တွင် မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ အရှေ့ရပ်ကွက်၊ အောက်ချိုင့်တွင် (၁၈-၁-၂၀၁၇) ရက်၊ (၀၉:၃၀) အချိန်၌ ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ထောင်စု (၄) စုမှ လူဦးရေ (၂၀) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၁၈,၀၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်တို့အား (၁၉-၁-၂၀၁၇) ရက်နေ့၊ (၁၃:၀၀) အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကျောက်မဲမြို့နယ်သို့ ရောက်ရှိသော တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်သို့ ရောက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၈)စုမှ လူဦးရေ (၉၈)ဦးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Islamic Relief World Wide IRW အဖွဲ့အစည်း၏ ပူးပေါင်းပါဝင်မှုဖြင့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ အနွေးထည်နှင့် စောင်၊ စုစုပေါင်းတန်ဖိုးငွေ (၂,၃၂၈,၈၇၂/-) ကျပ်အား (၁၉-၁-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်ရှိ ဖုန်အင်ယန်ကျေးရွာ၊ ဆလန်ယန်ကျေးရွာနှင့် အင်ဒွပ်ယန်ကျေးရွာများသည် ယခင်က တိုက်ပွဲရှောင်စခန်းများ ဖြစ်ခဲ့ပြီး ယခုအခါ ဆောင်းရာသီ၏ လွန်ကဲသည့် အအေးဒဏ်ကို တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ပိုမိုခံစားရသဖြင့် လတ်တလောစားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှ အကူအညီတောင်းခံလာမှုအပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒေသနေ အိမ်ထောင်စု (၁၈၁) စု၊ လူဦးရေ (၉၈၇) ဦးအတွက် လတ်တလော စားနပ်ရိက္ခာပြေလည်စေရန် ဆန်ရိက္ခာဖိုး (၁၄) ရက်စာ ငွေ (၄,၁၄၅,၄၀၀/-) ကျပ်အား (၁၇-၁-၂၀၁၇) ရက်နေ့တွင် … Read more
-
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့ရှိ မိုဘိုင်းဖုန်းဆိုင်များတွင် သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application ထည့်သွင်းအသုံးပြုပုံနည်းလမ်းများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ဟိုပုံးမြို့ရှိ မိုဘိုင်းဖုန်းဆိုင်များနှင့် လူစည်ကားသည့် နေရာများ၌ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန်ဆောင်ရွက်မည့် စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်နည်းစနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေး လက်ကမ်းစာစောင်များထည့်သွင်းထားသော DAN Mobile Application နှင့် DAN … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အင်းမကျေးရွာ အုပ်စု၊ တနော်ကျေးရွာတွင် (၁၁-၁-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းခဲ့သည့် နေအိမ်(၁)လုံး၊ မီးဘေးသင့် အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀ိ/-)၊ ဆန်ရိက္ခာ (၃) ရက်စာ (၁၈၀၀ိ/-)၊ သေဆုံးကလေး (၁) ဦးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-)၊ စုစုပေါင်းငွေ (၁၂၁၈၀၀ိ/-) ကျပ်အား (၁၈-၁-၂၀၁) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသ ူများမှ ကွင်းဆင်း ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
“ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များကို လစဥ်ငွေကြေးအထောက်အပံ့ပေးမည်”
နေပြည်တော် ဇန်နဝါရီ (၁၈)ရက် လူသားဘဝဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်မှာ ပဋိသန္ဓေတည်သည်မှ မွေးဖွားပြီး (၂)နှစ်သားအထိ ဘဝအစပထမရက် (၁၀၀၀)ဖြစ်ပါသည်။ ထိုလူသားဘဝပထမရက်(၁၀၀၀)တွင် အာဟာရပြည့်ပြည့်ဝဝဖြင့် ခန္ဓာကိုယ် ကြီးထွား၍ ဦးနှောက်ဖွံ့ဖြိုးခွင့်ရရှိပါက အနာဂါတ် ကျန််းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ကောင်းမွန်သော အာမခံချက်တစ်ခုရရှိမည်ဖြစ်ပါသည်။ ထိုသို့ကလေးငယ်တစ်ဦးချင်းစီ၏ ဖွံ့ဖြိုးတိုးတက်မှုရရှိပါက ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်ကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ အမျိုးသမီးများကို ကိုယ်ဝန်စရှိသည်မှ ကလေးအသက်(၂)နှစ်ပြည့်သည်အထိ ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး … Read more
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆွေးနွေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၁၇)ရက်နေ့က မြောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့သွားရောက်၍ သဘာဝဘေးအန္တရာယ်လျော့ပါးရေးအတွက်ဆွေးနွေးဟောပြောခဲ့ရာ ရပ်ရွာနေပြည်သူများ (၄၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်းရောက်ရှိလာသော စစ်ဘေးရှောင်ပြည်သူ များအား ထောက်ပံ့ပေးမှုသတင်း
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မြင်းဝန်မင်းကြီးတိုက် ဇယန်းကြီးကျောင်းသို့ ရောက်ရှိနေသည့် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့စစ်ဘေးရှောင်ပြည်သူ (၁၀၅) ဦး ၊ အိမ်ထောင်စု (၃၅) စုအတွက် ကယ်ဆယ် ရေးပစ္စည်း (၉) မျိုး၊ Family Kits နှင့် Hygiene Kits များအား (၁၈-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
တွေ့ဆုံဆွေးနွေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးရှိ ပြည်နယ်မှူးထံသို့ LWF(Lutheran World Federation)မှ David H.Mueller(Country Repersentative) သည် IDP Camp များနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် (NFI)ပစ္စည်းများ ဖြန့်ဝေရေးကိစ္စနှင့်ပတ်သက်၍ (၁၉-၁-၂၀၁၇)ရက်နေ့ နံနက်(၀၈း၂၅)နာရီတွင် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခြင်းနှင့် DAN Mobile Application အကြောင်း ရှင်းလင်းပြောကြားမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ လက်ပံဆိပ်ကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့်သတင်းများ၊ မိုးလေဝသသတင်းများ၊ အရေးပေါ်ဖုန်းနံပါတ်များ၊ ပညာပေးကဏ္ဍ လက်ကမ်း စာစောင်များပါဝင်သည့် DAN Mobile Application အကြောင်း ရှင်းလင်းပြောကြား၍ လက်ကမ်း စာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များဝေငှပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၁၀) ဦးရှိကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
