“ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များကို လစဥ်ငွေကြေးအထောက်အပံ့ပေးမည်”

နေပြည်တော် ဇန်နဝါရီ (၁၈)ရက်

လူသားဘဝဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်မှာ ပဋိသန္ဓေတည်သည်မှ မွေးဖွားပြီး (၂)နှစ်သားအထိ ဘဝအစပထမရက် (၁၀၀၀)ဖြစ်ပါသည်။ ထိုလူသားဘဝပထမရက်(၁၀၀၀)တွင် အာဟာရပြည့်ပြည့်ဝဝဖြင့် ခန္ဓာကိုယ် ကြီးထွား၍ ဦးနှောက်ဖွံ့ဖြိုးခွင့်ရရှိပါက အနာဂါတ် ကျန််းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ကောင်းမွန်သော အာမခံချက်တစ်ခုရရှိမည်ဖြစ်ပါသည်။ ထိုသို့ကလေးငယ်တစ်ဦးချင်းစီ၏ ဖွံ့ဖြိုးတိုးတက်မှုရရှိပါက ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်ကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ အမျိုးသမီးများကို ကိုယ်ဝန်စရှိသည်မှ ကလေးအသက်(၂)နှစ်ပြည့်သည်အထိ ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ ယနေ့ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုအစည်းအဝေး၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသများတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားပြီး အသက်(၂)အထိ ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးခြင်းြဖင့် ထိရောက်သော အာဟာရ ရရှိစေရန် ဆောင်ရွက်သွားမည် ြဖစ်ကြောင်း၊ ချင်းြပည်နယ် အစီအစဉ်အတွက် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သော အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့၏ ရန်ပုံငွေဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ြဖစ်ပါကြောင်း၊ အကျိုးခံစားခွင့်အနေဖြင့် တစ်လလျှင် တစ်သောင်းငါးထောင်ကျပ်ဖြစ်၍  ထောက်ပံ့ငွေမှာ တစ်ရက်အတွက် (၅၀၀)ကျပ်သာ ဖြစ်သော်လည်း ထိုငွေကို ကိုယ်ဝန်ဆောင်စဥ်  မီးဖွားစဥ်၊ ကလေးသူငယ်နို့တိုက်စဉ် အာဟာရပြည့်ဝစေရန် မည်သို့သုံးစွဲသင့်ကြောင်း ပညာပေးလုပ်ငန်းများနှင့်လည်း ချိတ်ဆက်ပူးပေါင်း  ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးသွားခဲ့ပါသည်။

ထိုအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အရာရှိကြီးများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား ဇန်နဝါရီ(၁၈)ရက်နေ့၊ နံနက်(၁၁၀၀)အချိန်တွင် UNICEFမှ Mr.Bertrand Bainvel(UNICEF Representative for Myanmar)  ဦးဆောင်သောအဖွဲ့မှ လာရောက် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနှင့် (UNICEF)တို့ ပူးပေါင်း၍ ၂၀၁၆ခုနှစ်အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာ စီမံချက်ပါလုပ်ငန်းအစီအစဥ်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှုများ၊ ၂၀၁၇ခုနှစ်တွင် ဆက်လက်၍ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ဝန်ကြီးဌာနမှ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးများအတွက် ငွေကြေးထောက်ပံ့မှု အစီအစဥ် ဆောင်ရွက်ရေးကိစ္စ၊ပဋိပက္ခဒေသရှိ ကလေးများအတွက် အာဟာရဖြည့်တင်းရေးနှင့် မိခင်များအား အာဟာရဆိုင်ရာကျန်းမာရေး အသိပညာပေးရန် လိုအပ်ချက်များ၊လွှတ်တော်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးကော်မတီကိုဖွဲ့စည်းနိုင်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဥပဒေရေးဆွဲနိုင်ရေး၊ အလားတူ လူမှုဝန်ထမ်းဥပဒေရေးဆွဲနိုင်ရေးတို့တွင်လည်း UNICEFမှနည်းပညာပိုင်းဆိုင်ရာ ဆက်လက်ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

ထို့နောက်မွန်းတည်‌့(၁၂း၃၀)အချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး H.E Mr. Mohd Haniff Abd Rahmanဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် မလေးရှားနိုင်ငံမှ စုစည်းအလှူခံရရှိထားသည့် ရခိုင်ပြည်နယ်အတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီများကို သ‌ေင်္ဘာဖြင့်ပေးပို့ရန်အစီအစဉ်အတွက် အစိုးရအချင်းချင်း တရားဝင်ဆောင်ရွက်ရေး၊ ရန်ကုန် ဆိပ်ကမ်းတွင် လွှဲပြောင်းလက်ခံရယူရေးနှင့် ယင်းအခမ်းအနားတွင် မလေးရှားNGOများမှ ကိုယ်စားလှယ်များ၊ စေတနာ့ဝန်ထမ်းလုပ်အားပေးများပါဝင်တက်ရောက်နိုင်ရေးနှင့်ဆိပ်ကမ်းတွင် အလွယ်တကူထုတ်ယူနိုင်ရေး၊ ရခိုင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းနှစ်ရပ်သို့ ဖြန့်ဝေပေးရေးတို့ကို ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ မွန်းလွဲ(၀၃၃၀)အချိန်တွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ ဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီ ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

Sign Up

Upcoming Events