သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခြင်းနှင့် DAN Mobile Application အကြောင်း ရှင်းလင်းပြောကြားမှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၈-၁-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ လက်ပံဆိပ်ကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့်သတင်းများ၊ မိုးလေဝသသတင်းများ၊ အရေးပေါ်ဖုန်းနံပါတ်များ၊ ပညာပေးကဏ္ဍ လက်ကမ်း စာစောင်များပါဝင်သည့် DAN Mobile Application အကြောင်း ရှင်းလင်းပြောကြား၍ လက်ကမ်း စာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များဝေငှပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၁၀) ဦးရှိကြောင်း သတင်းရရှိပါသည်။

Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events