Author Archives: RRD
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးနှင့် International Organization for Migration (IOM) တို့ပူးပေါင်း၍ (၁၅-၁၁-၂၀၁၆)ရက်နေ့မှ (၁၈-၁၁-၂၀၁၆)ရက်နေ့အထိ စစ်တွေမြို့နယ်၊ မင်းသူရိယခန်းမတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆင့်ပွားသင်တန်းအား သင်တန်းသား (၃ဝ)ဦးဖြင့် ဖွင့်လှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
-
မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာတွင် (၁၃-၁၁-၂၀၁၆) ရက်နေ့က ဖြစ်ပွားခဲ့သောမီးဘေးသင့် အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ဖိုး (၃)ရက်စာ (၃၆ဝဝ) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၅ဝဝဝဝ) ကျပ်တို့အား မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ (၁၆-၁၁-၂၀၁၆)ရက်နေ့တွင် သွားရောက်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်များအား ကျယ်ကျယ်ပြန့်ပြန့်ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်ရေးညှိနှိုင်းဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၁၂.၁၁.၂၀၁၆) ရက်နေ့ မွန်းလွဲပိုင်းတွင် ကလေးသူငယ်ဥပဒေအရ အသက်(၆)နှစ် မှ(၁၆)နှစ် အတွင်းရှိ ကလေးသူငယ်တရားရုံးမှ ပို့အပ်လာသည့် ကလေးများအား စိတ်ဓါတ်နှင့်အကျင့်စာရိတ္တ ပြုပြင်ပေးလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သန်လျင်လူငယ်သင်တန်းကျောင်းသို့ သွားရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကလေးများအား အတန်းပညာနှင့် ကျောင်းပြင်ပပညာများသင်ကြားပေးရာတွင် မေတ္တာပေးပြုစုစောင့်ရှောက်ပေးခြင်းဖြင့် ကလေးများစိတ်ချလုံခြုံသောဘဝကို ရရှိခံစားနိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး ကလေးသူငယ်တရားရုံးမှ ပို့အပ်သော ကလေးများအားရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ သင်တန်းသားတိုးချဲ့အိပ်ဆောင်အဆောက်အဦအသစ်ဆောက်လုပ်နိုင်ရေး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ပါသည်။ (၁၃.၁၁.၂၀၁၆) … Read more
-
ပြည်ထောင်စုနယ်မြေတွင် ရေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၁-၂၀၁၆) နေ့ဖြစ်ပွားသောရေဘေးအတွက်ရေဝင်ပျက်စီးအိမ်ခြေ (၆)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး၊ ရေသန့်ဆေး (၆)အိမ်ထောင်စာအား (၁၂-၁၁-၂၀၁၆) နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။
-
ပြည်ထောင်စုနယ်မြေတွင် ရေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ် မရမ်းခုံကျေးရွာ နှင့်မအူလေးပင်ကျေးရွာတို့တွင် (၁၀-၁၁-၂၀၁၆) နေ့က ရေဘေးဖြစ်ပွားခဲ့ရာ မရမ်းခုံကျေးရွာတွင်မျောပါအိမ်ခြေ (၄)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ရေသန့်ဆေး (၄) အိမ်ထောင်စာ၊ ရေဝင်ပျက်စီး (၄) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ရေသန့်ဆေး(၄)အိမ်ထောင်စာ၊ မအူလေးပင်ကျေးရွာတွင်မျောပါအိမ်ခြေ (၁၇) အိမ်အတွက်ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ရေသန့်ဆေး (၁၇) အိမ်ထောင်စာတို့အား (၁၁-၁၁-၂၀၁၆) နေ့တွင်သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပြည်ထောင်စုနယ်မြေတွင် ရေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၁-၂၀၁၆) နေ့တွင်ဖြစ်ပွားသောခဲ့သော ရေဘေး မျောပါအိမ်ခြေ (၈) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ရေသန့်ဆေး (၈)အိမ်ထောင်စာ၊ ရေဝင်ပျက်စီးအိမ်ခြေ (၁) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး၊ ရေသန့်ဆေး (၁) အိမ်ထောင်စာတို့အား (၁၁-၁၁-၂၀၁၆)နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား နိုင်ငံတကာမီဒီယာထောက်ပံ့ရေးနှင့် ဖိုယိုမီဒီယာ အင်စတီကျူ အဖွဲ့အစည်းမှ လာရောက်တွေ့ဆုံခြင်း
နေပြည်တော်၊ နိုဝင်ဘာလ (၁၁) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ တွင် နိုဝင်ဘာလ (၁၁) ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား နိုင်ငံတကာမီဒီယာထောက်ပံ့ ရေးနှင့် ဖိုယိုမီဒီယာ အင်စတီကျူ အဖွဲ့အစည်းမှှ အကြံပေးအရာရှိ ြဖစ်သူ Ms. Agneta Soderberg Jacobson ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန မှ ဆောင်ရွက်နေ သော ကျား/ မ ရေးရာကိစ္စရပ်များ၊ … Read more
-
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း
နေပြည်တော်၊ နိုဝင်ဘာ ၉ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးအား ယနေ့ မွန်းလွဲ (၁) နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယခုဆောင်ရွက်မည့် မိခင်နှင့်ကလေးအား ငွေကြေးထောက်ပံ့မှု (Maternal and Child Cash Transfer – MCCT) အစီအစဉ်သည် မိခင်ဝမ်းတွင်းမှစ၍ မွေးဖွားပြီး (၂)နှစ်သားအရွယ်ထိ ရက်ပေါင်းတစ်ထောင် ကာလအတွင်း ဦးနှောက်ဖွံ့ဖြိုးမှုအကောင်းဆုံးရရှိစေ ပြီး ထိုဉာဏ်ရည် ဖွံ့ဖြိုးသော ကလေးများက အနာဂါတ်နိုင်ငံ၏ ဖွံ့ဖြိုး … Read more
-
စလင်းမြို့နယ် ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကျူတောအလယ်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် အိမ်ခြေ (၁၂) လုံး၊ အိမ်ထောင်စု (၁၂) လူဦးရေ (၅၂) ဦးတို့ကို ဘေးကင်းရာသို့ ကြိုတင်ရွေ့ပြောင်း ပေးခဲ့ပါသည်။ (၈-၁၁-၂၀၁၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် အိမ်ထောင်စု (၁၂) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဆန်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၈၆,၈၀၀) ကျပ်ကို စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ကြောင်း သိရှိရခဲ့ပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၊ ရွေးနဒီခန်းမ၌ “ကမ်းရိုးတန်းဒေသ ဘေးဒဏ်ခုခံနိုင်စွမ်းဆိုင်ရာ သုတေသနပြု တွေ့ရှိချက်များအား ရှင်းလင်းဆွေးနွေးခြင်းအလုပ်ရုံဆွေးနွေးပွဲ”ကျင်းပပြုလုပ်မှုသတင်း
လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ SEED Asia ဂျပန်တို့ပူးပေါင်း၍ လပွတ္တာမြို့၊ ရွေးနဒီခန်းမ၌ “ကမ်းရိုးတန်းဒေသ ဘေးဒဏ်ခုခံနိုင်စွမ်းဆိုင်ရာ သုတေသနပြုတွေ့ရှိချက်များအား ရှင်းလင်းဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲ” ကို (၇-၁၁-၂၀၁၆) ရက်နေ့၊ နံနက် (၀၉:ဝ၀) နာရီအချိန်တွင် ကျင်းပခဲ့ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရှောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး SEED Asia မှ Project Manager Mr. Shigehiro Shibata က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်းသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ခရိုင်ဦးစီးမှူးက … Read more
