ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာတွင် (၁၃-၁၁-၂၀၁၆) ရက်နေ့က ဖြစ်ပွားခဲ့သောမီးဘေးသင့် အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ဖိုး (၃)ရက်စာ (၃၆ဝဝ) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၅ဝဝဝဝ) ကျပ်တို့အား မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ (၁၆-၁၁-၂၀၁၆)ရက်နေ့တွင် သွားရောက်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။