Author Archives: RRD
-
သဘာဝဘေးအန္တရာယ်ကျရောက်နေသောကျေးရွာ(၂)ရွာအား ကွင်းဆင်းဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၂-၂၀၁၆) ရက်နေ့တွင် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှ သဘာဝဘေးအန္တရာယ်ကျရောက်နေသော ငါးလင်းစေ့ကျေးရွာနှင့် ပေါက်ရင်းကျေးရွာများသို့ သွားရောက်၍ ရွာအတွင်း ရေစိမ့်ထွက်နေမှုအခြေအနေ၊ ရေတိုက်စားပြီး ကမ်းပါးပြိုမှုအခြေအနေနှင့် ဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းရေးဆိုင်ရာများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
အမျိုးသမီးများအခွင့်အရေးအပြည့်အဝရရှိရေးနှင့်ဘဝလုံခြုံဖွံ့ဖြိုးမှု ရရှိစေရေးဆောင်ရွက်ပေး
နေပြည်တော် ဒီဇင်ဘာ ၁၃ မြန်မာနိုင်ငံရဲ့လူဦးရေ ၅၁.၄၁ သန်းအနက် ၅၁.၈ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ပြီး နိုင်ငံ၏လူဦးရေဖွဲ့စည်းမှုပုံစံအရအမျိုးသမီးများသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်အရေးကြီးသောအခန်းကဏ္ဍမှာပါဝင်သဖြင့် တက်တက်ကြွကြွပါဝင် ဆောင်ရွက်နိုင်ဖို့နဲ့ အခွင့်အရေးအပြည့်အဝရရှိဖို့အတွက် အဓိကဦးစားပေးနယ်ပယ်(၁၂)ရပ် ပါဝင်သည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ကိုရေးဆွဲခဲ့ပြီးမဟာဗျူဟာ(၄)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ဦးစားပေးနယ်ပယ်တစ်ရပ်ဖြစ်သည့် အမျိုးသမီးများနှင့်သဘာဝပတ်ဝန်းကျင်နယ်ပယ်ကိုသဘာဝအရင်းအမြစ်များစီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှု၊ ရာသီဥတုပြောင်းလဲလာမှုနှင့်လိုက်လျောညီထွေဖြစ်အောင် တုန့်ပြန်ဆောင်ရွက်မှုများတွင် အမျိုးသမီးများပါဝင်နိုင်စေရေးဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်းယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ Horizon Hotel ၌ ကျင်းပပြုလုပ်သည့် အရေးပေါ်အခြေအနေများတွင် အမျိုးသမီးများ၏ လိုအပ်ချက်များအားဆန်းစစ်လေ့လာမှု စာတမ်းမိတ်ဆက်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် … Read more
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပရဟိတဂေဟာများကို လေ့လာကြည့်ရှုပြီးအပြည်ပြည်ဆိုင်ရာ စေတနာ့ဝန်ထမ်းနေ့သို့တက်ရောက်မှုသတင်း
နေပြည်တော်၊ ဒီဇင်ဘာ ၁၀ ရက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခဲ့ရာ ယနေ့မြင် တွေ့ရသောကျောင်းသားလူငယ်အများစုမှာ နယ်စပ်ဒေသမှ တိုင်းရင်းသားများအများစုဖြစ်ကြပြီး ကချင်လူမျိုး၊ ရှမ်းလူမျိုး၊ ပလောင်လူမျိုးနှင့် ပအိုဝ့်လူမျိုးကလေးငယ်များဖြစ်ကြကြောင်း၊ ဆယ်ကျော်သက်အရွယ်ကလေးများကို ယခုအချိန်မှလုပ်ငန်းခွင်ဝင်ရောက်နိုင်သည်အထိ ကျောင်းတွင်းနှင့် ကျောင်းပြင်ပ ပညာရေးများ သင်ကြားပေးသည့်နည်းတူ အသက်မွေးဝမ်းကျောင်းပညာရပ်ကို ဦးတည်သင်ကြားပေးစေလိုကြောင်း၊ အုပ်ထိန်းသူများကလည်း မိဘသဖွယ်မေတ္တာဖြင့် ပြုစုထိန်းကျောင်းပေးကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပရဟိတလုပ်ငန်းကို အသိအမှတ်ပြုအားပေးထောက်ပံ့လျက်ရှိပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပရဟိတကျောင်းများကို အဆင့်အလိုက် နှစ်စဉ်ထောက်ပံ့ကြေးများ၊ ဆန်နှင့်အဝတ်အထည်များ ထောက်ပံ့ပေးလျက်ရှိပါကြောင်း ပြောကြားပြီး ကလေးငယ်များအတွက် ဆေးပဒေသာပင် ထောက်ပံ့လှူဒါန်းငွေပေးအပ်ခြင်း၊ … Read more
-
မောင်းတောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်ထောက်ပံ့မှုသတင်း
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးနှင့်အဖွဲ့ဝင်များ၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ လိုက်ပါ၍ မောင်းတောမြို့နယ်အတွင်းရှိ တိုင်းရင်းသားကျေးရွာ (၅) ရွာမှ အိမ်ထောင်စု (၃၁၈) စုအတွက် ဆန်၊ ဆီ၊ ပဲနှင့် ဆားတို့ကို (၁၀-၁၂-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မဂူကျေးရွာအုပ်စု၊ ပိုးလောင်းရွာမကျေးရွာတွင် (၇-၁၂-၂၀၁၆) ရက်နေ့၌ ဖြစ်ပွားခဲ့သောမီးဘေးသင့် အိမ်ထောင်စု (၁) စု အတွက် ကယ်ဆယ်ရေးစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၅၀၀၀၀)၊ လူဦးရေ (၂) ဦးအတွက် (၃) ရက်စာ ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၁၈၀၀)၊ စုစုပေါင်းငွေကျပ် (၅၁၈၀၀) တို့အား (၉-၁၂-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံ
နေပြည်တော်၊ ဒီဇင်ဘာ ၉ ရက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားယနေ့နံနက် (၉)နာရီတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူကုန်ကူးမှုစောင့်ကြည့်ရေးနှင့် တိုက်ဖျက်ရေးရုံးမှ H.E. Ms. Susan Coppedgeနှင့် အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး H.E. Mr. ScotMarcielလိုက်ပါလျက်အဆိုပါဝန်ကြီးရုံးမေခလာခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသောလူကုန်ကူးခံရသူများအား ပြန်လည်ခေါ်ယူရေးလုပ်ငန်းများ၊ ယာယီစောင့်ရှောက်ရေးဌာနများတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူစောင့်ရှောက်မှုများ၊ မိသားစုနှင့်ပြန်လည်ပေါင်းစည်းရေးနှင့် နောက်ဆက်တွဲစောင့်ရှောက်မှု အစီအစဉ်များကိုအစိုးရမဟုတ်သောမိတ်ဘက်နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ဖြစ်ရပ်စီမံခန့်ခွဲသူ (Case Manager)များ (၄၂)မြို့နယ်တွင် ဖြန့်ခွဲထားရှိမှုအခြေအနေများ၊ … Read more
-
မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်တွင် (၂၅-၁၁-၂၀၁၆)ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် သေဆုံးသူ (၄)ဦးအတွက် ငွေကျပ် (၄၀၀,၀၀၀)အား (၈-၁၂-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကော့သောင်းမြို့နယ်တွင် သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၈.၁၂.၂၀၁၆)ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/မများအပါအဝင် (၈,၉,၁၀)တန်းမှ ကျောင်းသူ/သားဦးရေ (၄ဝဝ)ကျော်အား သဘာဝဘေးအသိပညာပေးခြင်း၊ နံရံကပ်ပိုစတာများပေးခြင်း၊ လက်ကမ်းစာစောင်များဖြင့်ဝေခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကောင်းမြို့နယ်၊ ဆားမော်ကျေးရွာ၊ ဆားမှော်ကျေးရွာအုပ်စု၊ မြို့မရပ်ကွက်တွင် (၇ -၁၂ – ၂၀၁၆)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်ထောင်စုအတ္ပက် ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၅၅၄၀၀)အား မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနနှင့် ပူးပေါင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ချင်းပြည်နယ်ဦးစီးမှူးရုံးတွင် Mobile Application အသုံးပြုနည်းဆင့်ပွားသင်တန်းဖွင့်လှစ်မှု သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံး၌ (၆-၁၂-၂၀၁၆)ရက်နေ့တွင် DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့ရာ သင်တန်းသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးဦးစီးဌာနတို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
