လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခဲ့ရာ ယနေ့မြင် တွေ့ရသောကျောင်းသားလူငယ်အများစုမှာ နယ်စပ်ဒေသမှ တိုင်းရင်းသားများအများစုဖြစ်ကြပြီး ကချင်လူမျိုး၊ ရှမ်းလူမျိုး၊ ပလောင်လူမျိုးနှင့် ပအိုဝ့်လူမျိုးကလေးငယ်များဖြစ်ကြကြောင်း၊ ဆယ်ကျော်သက်အရွယ်ကလေးများကို ယခုအချိန်မှလုပ်ငန်းခွင်ဝင်ရောက်နိုင်သည်အထိ ကျောင်းတွင်းနှင့် ကျောင်းပြင်ပ ပညာရေးများ သင်ကြားပေးသည့်နည်းတူ အသက်မွေးဝမ်းကျောင်းပညာရပ်ကို ဦးတည်သင်ကြားပေးစေလိုကြောင်း၊ အုပ်ထိန်းသူများကလည်း မိဘသဖွယ်မေတ္တာဖြင့် ပြုစုထိန်းကျောင်းပေးကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပရဟိတလုပ်ငန်းကို အသိအမှတ်ပြုအားပေးထောက်ပံ့လျက်ရှိပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပရဟိတကျောင်းများကို အဆင့်အလိုက် နှစ်စဉ်ထောက်ပံ့ကြေးများ၊ ဆန်နှင့်အဝတ်အထည်များ ထောက်ပံ့ပေးလျက်ရှိပါကြောင်း ပြောကြားပြီး ကလေးငယ်များအတွက် ဆေးပဒေသာပင် ထောက်ပံ့လှူဒါန်းငွေပေးအပ်ခြင်း၊ မုန့်နှင့် ကစားစရာပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ပြည့်သူ့ရင်ပြင်နှင့်ပြည်သူ့ ဥယျာဉ်တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာစေတနာ့ဝန်ထမ်းများနေ့ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ပရဟိတစေတနာ့ဝန်ထမ်းဆိုသည်မှာ စေတနာနှင့်တိုင်းပြည်ဝန်ကိုထမ်းကြရသူများဖြစ်ပြီး အချိန်များစွာပေးဆပ်ပြီး အခမဲ့ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ပရဟိတဆောင်ရွက်ကြသူအချင်းချင်း ခင်မင်ရင်းနှီးပြီး လုပ်ဖော်ကိုင်ဖက်များအပေါ် ဂုဏ်ပြုပေးတဲ့ပွဲဖြစ်ကြောင်း၊ လူငယ်များပရဟိတကို စိတ်ပါဝင်စားမှုကောင်းမွန်လာပြီး အတူတကွပိုမိုပူးပေါင်းဆောင်ရွက်စေချင်ကြောင်း၊ သို့မှသာ အနာဂတ်နိုင်ငံတော်အတွွက် ဖွံဖြိုးတိုးတက်ပြီး လူ့အသိုင်းအဝိုင်းတစ်ခုလုံး ဖွံ့ဖြိုးလာမည်ဖြစ်ပါကြောင်း၊ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးမှသည် စဉ်ဆက်မပျက်ဖွံ့ဖြိုးတိုးတက်ရေးသို့ အကောင်အထည်ဖေါ်ဆောင်ရွက်ကြရာတွင် တစ်ဦးတစ်ယောက်တည်းမဟုတ်ပဲ အားလုံးတက်ညီလက်ညီဖြင့် ပူးပေါင်းပါဝင်ကြစေလိုပါကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ပရဟိတလုပ်ငန်းများအပေါ် အားပေးပြီးပူးပေါင်းပါဝင်ဆောင်ရွက်မှုကို အားပေးကြိုဆိုလျက်ရှိပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။