လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံ

10-pic-01

နေပြည်တော်၊ ဒီဇင်ဘာ ၉ ရက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားယနေ့နံနက် (၉)နာရီတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူကုန်ကူးမှုစောင့်ကြည့်ရေးနှင့် တိုက်ဖျက်ရေးရုံးမှ H.E. Ms. Susan Coppedgeနှင့် အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး H.E. Mr. ScotMarcielလိုက်ပါလျက်အဆိုပါဝန်ကြီးရုံးမေခလာခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသောလူကုန်ကူးခံရသူများအား ပြန်လည်ခေါ်ယူရေးလုပ်ငန်းများ၊ ယာယီစောင့်ရှောက်ရေးဌာနများတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူစောင့်ရှောက်မှုများ၊ မိသားစုနှင့်ပြန်လည်ပေါင်းစည်းရေးနှင့် နောက်ဆက်တွဲစောင့်ရှောက်မှု အစီအစဉ်များကိုအစိုးရမဟုတ်သောမိတ်ဘက်နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ဖြစ်ရပ်စီမံခန့်ခွဲသူ (Case Manager)များ (၄၂)မြို့နယ်တွင် ဖြန့်ခွဲထားရှိမှုအခြေအနေများ၊ လူကုန်ကူးခံရသူများ ပြန်လည်ခေါ်ယူရေး၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ နိုင်ငံအဆင့်လမ်းညွှန်ချက်များ၊ စံလုပ်ငန်းအစီအစဉ်များ၊ လူကုန်ကူးခံရသူများကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလက်စွဲစာအုပ်ထုတ်ဝေပြီးစီးမှုအခြေအနေများ၊ အမေရိကန်နိုင်ငံ၏ အတွေ့အကြုံများ၊ သတင်းအချက်အလက်များဖလှယ်ခဲ့ကြပြီးစွမ်းဆောင်ရည် မြှင့်တင်ရေးလိုအပ်ချက်များညှိနှိုင်းဆွေးနွေးခဲ့ ကြပါသည်။

ထို့နောက်နံနက်(၁၀)နာရီအချိန်တွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)မှ ပြည်တွင်းတာဝန်ခံဦးအောင်မျိုးကျော် ဦးဆောင်သောအဖွဲ့သည်ပြည်ထောင်စုဝန်ကြီးအားလာရောက်တွေ့ဆုံရာတွင် ၎င်းတို့အသင်းမှ ဆောင်ရွက်နေသည့် အကျဉ်းထောင်မှ လွတ်မြောက်လာသောနိုင်ငံရေးအကျဉ်းသားများနှင့် ညှင်းပန်းနှိပ်စက်ခံရသူများအားစိတ်ပိုင်းဆိုင်ရာအားပေး မြှင့်တင်မှုလုပ်ငန်းများ၊ အကျဉ်းကျခံဆဲနိုင်ငံရေးအကျဉ်းသားများအတွက် ဥပဒေပိုင်းဆိုင်ရာအထောက်အကူပြု လုပ်ငန်းများ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များနှင့်စိတ်လူမှု ထောက်ပံ့မှုနှင့်သက်ဆိုင်သောသုတေသနလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ နံနက်(၁၁)နာရီအချိန်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) Myanmar အဖွဲ့မှ Mr. Keiichiro NAKAZAWA ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံရာတွင် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)မှ မြန်မာနိုင်ငံတွင် သဘာဝဘေးစီမံခန့်ခွဲ မှုနှင့် ဆက်စပ်သည့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်မှု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ဂျပန်နိုင်ငံမှ သဘာဝဘေးစီမံခန့်ခွဲမှု ကျွမ်းကျင်သူ(၁)ဦးစေလွှတ်ရေးကိစ္စ၊ ဂျပန်နိုင်ငံ၏ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာနဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်ရန်ကိစ္စနှင့် JICA နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေသောလူကုန်ကူးခံရသူများအားအကာအကွယ်ပေးရေးစီမံချက် ဒုတိယအဆင့်တွင် လူကုန်ကူးခံရသူများအားအကူအညီပေးရေးလုပ်ငန်းစဉ်များဆောင်ရွက်ရန်၊ နားမကြားသူများအတွက် လက်သင်္ကေတအထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းများဆက်လက်ပူးပေါင်းဆောင်ရွက်ရေးတို့ကိုရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

 

Sign Up

Upcoming Events