ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၈.၁၂.၂၀၁၆)ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/မများအပါအဝင် (၈,၉,၁၀)တန်းမှ ကျောင်းသူ/သားဦးရေ (၄ဝဝ)ကျော်အား သဘာဝဘေးအသိပညာပေးခြင်း၊ နံရံကပ်ပိုစတာများပေးခြင်း၊ လက်ကမ်းစာစောင်များဖြင့်ဝေခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။