Author Archives: RRD
-
Situation Report No. (1) developed by the National Disaster Management Committee of the Government of the Republic of the Union of Myanmar
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်၊ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများအတွင်း ဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ ထိခိုက်ပျက်စီးမှုများ၊ ထောက်ပံ့မှုများ၊ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်းနှင့်စပ်လျဉ်းသည့် Situation Report No. (1) ထုတ်ပြန်ထားသည်ကို အောက်ပါ Link တွင် လေ့လာနိုင်သည်- NNDMC Joint Situation Report No 1 – Myanmar Flooding
-
(၁၀-၈- ၂၀၁၅) ရက်နေ့တွင် Ms. Renata Lok- Dessallien(UN Resident and Humanitarian Coordination Myanmar) မှ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရှိ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) တွင် လာရောက်ကြည့်ရှုလေ့လာမှုသတင်း
(၁၀-၈- ၂၀၁၅) ရက်နေ့တွင် Ms. Renata Lok- Dessallien(UN Resident and Humanitarian Coordination Myanmar) မှ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရှိ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန (EOC) တွင် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာလူသားချင်းစာနာမှုအကူအညီ ပေးရေးညှိနှိုင်းမှုဌာန (ASEAN Coordination Centre for Humanitarian Assistance on Disaster Management – AHA Centre) မှကိုယ်စားလှယ်များ၊ United States Forest Service မွ … Read more
-
အပြည်ပြည်ဆိုင်ရာကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (ITU) အရေးပေါ်ဆက်သွယ်ရေးဆိုင်ရာဌာနအကြီးအကဲ Ms. Fuatai Purcell သည် နေပြည်တော်သို့ရောက်ရှိစဉ် ယနေ့နံနက် (၁၁:၃၀) အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဘုန်းဆွေနှင့် အမြဲတမ်းအတွင်းဝန် တာဝန်ခံ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်တို့အားလာရောက် တွေ့ဆုံပြီး (EOC) သို့သွားရောက်၍လုပ်ငန်းများဆောင်ရွက်နေမှုများအား ကြည့်ရှုလေ့လာမှုသတင်း
မြန်မာနိုင်ငံရေဘေးသင့်ဒေသများတွင်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်အသုံးပြုရန်အတွက် အပြည်ပြည်ဆိုင်ရာကြေးနန်းဆက်သွယ်ရေးအဖွဲ့ (ITU) အနေဖြင့် အဆိုပါဒေသများတွင် ဆက်သွယ်မှုမပြတ် တောက်စေရေးအထောက်အကူဖြစ်စေရန် ဂြိုလ်တုစနစ်သုံး တယ်လီဖုန်းများပေးပို့ကူညီခြင်းနှင့်အတူ (ITU) မှ အရေးပေါ်ဆက်သွယ်ရေးဆိုင်ရာဌာနအကြီးအကဲ Ms. Fuatai Purcell သည် နေပြည်တော်သို့ရောက်ရှိစဉ် ယနေ့နံနက် (၁၁:၃၀) အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးဘုန်းဆွေနှင့် အမြဲတမ်းအတွင်းဝန် တာဝန်ခံညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်တို့အားလာရောက် တွေ့ဆုံခဲ့ပြီး (ITU) အနေဖြင့်အဖွဲ့ဝင်နိုင်ငံများတွင် သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် ပံ့ပိုးကူညီဆောင်ရွက် ပေးမှုများ၊ သဘာဝဘေးကျရောက်ချိန်တွင် ဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် (Emergency Communication System … Read more
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ၂၀၁၅ ခုနှစ်၊ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လ(၁၀) ရက်နေ့အထိ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ရေဘေးထောက်ပံ့မှု အခြေအနေသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ၂၀၁၅ ခုနှစ်၊ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လ (၁၀) ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ရေဘေးထောက်ပံ့မှုအခြေအနေများကို အောက်ပါဇယားတွင် လေ့လာနိုင်သည်- ရေဘေးထောက်ပံ့မှုဇယား
-
မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ပြည်သူများအတွက် (၉-၈-၂၀၁၅) ရက်နေ့နှင့် (၁၀-၈-၂၀၁၅) ရက်နေ့များတွင် ရရှိသောအလှူပစ္စည်းစာရင်း
မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ပြည်သူများအတွက် (၉-၈-၂၀၁၅) ရက်နေ့နှင့် (၁၀-၈-၂၀၁၅) ရက်နေ့များတွင် ရရှိသောအလှူပစ္စည်းစာရင်းများကို အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်- အလှူပစ္စည်းစာရင်း
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းမှုသတင်း
မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်း များကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန၊တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့လာရောက်လှူဒါန်းလျှက်ရှိရာ(၁၀-၈-၂၀၁၅) နေ့တွင်နေပြည်တော်အလှူခံဌာန၌ ငွေကျပ်(၄,၁၀,၀၀၀/-)၊အမေရိကန်ဒေါ်လာ(၁၅၀၃၀၀)ကို အမျိုး သားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊အတွင်းရေးမှူး၊လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဘုန်းဆွေနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် တာ၀န်ခံညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်တို့က လက်ခံရယူကာ ကျေးဇူးတင်စကားများပြန်လည်ပြောကြားပြီးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြပါသည်။ (၁၀-၈-၂၀၁၅)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူးရုံး၌ အလှူငွေကျပ်(၁၄၅,၇၆,၀၀၀/-)၊ ထိုင်းဘတ်(၂၅၀၀၀)နှင့် အလှူပစ္စည်း မျိုးစုံလက်ခံရရှိပါသည်။ … Read more
-
အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာ မြတ်မြတ်အုန်းခင်သည် သြဂုတ်လ(၈)ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ညောင်ပင်ရပ်ကွက်၊နွေသံဃာ့ဒါနဆွမ်းပတ်ဓမ္မာရုံကယ်ဆယ်ရေးစ ခန်းနှင့်ပျဉ်းမချောင်းကယ်ဆယ်ရေးစခန်းများသို့သွားရောက်ပြီးရေ ဘေးသင့်ပြည်သူများကိုအားပေးစကား ပြောကြားခြင်းနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း ကျောင်း၊ ( Disaster Management Training Center) သို့ရောက်ရှိ၍ အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက်လိုအပ်သည်များစီမံဆောင်ရွက်ပေးမှုသတင်း
အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာ မြတ်မြတ်အုန်းခင်သည် သြဂုတ်လ(၈)ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ညောင်ပင်ရပ်ကွက်၊နွေသံဃာ့ဒါနဆွမ်းပတ်ဓမ္မာရုံကယ်ဆယ်ရေးစခန်းနှင့်ပျဉ်းမချောင်းကယ်ဆယ်ရေးစခန်းများသို့သွားရောက်ပြီးရေဘေးသင့်ပြည်သူများကိုအားပေးစကား ပြောကြားကာအဝတ်အထည်များထောက်ပံ့ပေးခဲ့ပါသည်။ထို့နောက်ဟင်္သာတမြို့နယ်၊သာပေါင်းမြို့နယ်၊ငပုတောမြို့နယ်၊ကျုံပျော်မြို့နယ်၊ရေကြည်မြို့နယ်၊ကျောင်းကုန်းမြို့နယ်၊ဇလွန်မြို့နယ်၊လေးမျက်နှာမြို့နယ်၊မြန်အောင်မြို့နယ်၊ကြံခင်းမြို့နယ်၊ညောင်တုန်းမြို့နယ်၊အင်္ဂပူမြို့နယ်၊ဓနုဖြူမြို့နယ်များအတွင်းရှိရေဘေးသင့်ပြည်သူများအတွက်လိုအပ်ချက် များအပေါ်မူတည်၍ကယ်ဆယ်ရေးပစ္စည်း(၇)မျိုးဖြစ်သည့်ကျားလုံချည်၊မလုံချည်၊မျက် နှာသုတ်ပဝါ၊တီရှပ်၊ဆပ်ပြာ၊စောင်နှင့်ခြင်ထောင်တို့ကိုထောက်ပံ့ပေးခဲ့ပါသည်။ဆက်လက်၍မြန်မာနိုင်ငံ၏တစ်ခုတည်းသော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၊ ( Disaster Management Training Center) သို့ရောက်ရှိ၍ အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက်လိုအပ်သည်များစီမံဆောင်ရွက်ပေးပါသည်။ အဆိုပါသင်တန်းကျောင်းအား၂၀၁၃-၂၀၁၄ဘ ဏ္ဍာရေးနှစ်မှ စတင်ဆောက်လုပ်ခဲ့ပြီး ယခုအချိန်ထိ စာသင်ဆောင်သင်တန်းခန်းမကြီး၊ အုပ်ချုပ်မှုရုံး၊ အရာထမ်းအိမ်ရာများ၊ အမှုထမ်းအိမ်ရာ သင်တန်းသားအိပ်ဆောင်၊ သင်တန်းသူအိပ်ဆောင်နှင့် စားဖိုဆောင်တို့ကို ဆက်သွယ်ရေး၊ ရေ၊ မီးစုံလင်စွာဖြင့် ဆောက်လုပ်ပြီးစီးခဲ့၍ ခန်းမကြီး (Assembly Hall) ဧည့်ရိပ်သာ ထမင်းစားဆောင်၊ မိန်းရေစင်နှင့် … Read more
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ရေဘေးနှင့်မြေပြိုဘေးများတုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအခြေအနေထုတ်ပြန်
မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသော ရေဘေးနှင့်မြေပြိုဘေးများအခြေအနေနှင့့််စပ်လျဉ်းသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ရေဘေးနှင့်မြေပြိုဘေးများအတွက်တုံ့ပြန်ဆောင်ရွက်ရေးအခြေအနေကို၂၀၁၅ခုနှစ်၊သြဂုတ်လ(၁၀)ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ NNDMC sitrep 1
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ၂၀၁၅ ခုနှစ်၊ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လ(၉) ရက်နေ့အထိ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ရေဘေးထောက်ပံ့မှု အခြေအနေသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ၂၀၁၅ ခုနှစ်၊ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လ (၉) ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ရေဘေးထောက်ပံ့မှုအခြေအနေများကို အောက်ပါဇယားတွင် လေ့လာနိုင်သည်- ရေဘေးထောက်ပံ့မှုဇယား
-
ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များ လှူဒါန်းသည့် ပစ္စည်းများအား မုံရွာမြို့မှ ဇက်ရေယာဉ်များ၊ ကုန်တင်အမြန်ရေယာဉ်များဖြင့် ကလေးမြို့သို့ ပို့ဆောင်
စစ်ကိုင်းတိုင်းဒေသကြီးတွင် ဇူလိုင်လအတွင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ကလေးခရိုင်နှင့် ချင်းပြည်နယ်ဒေသအချို့တို့တွင် ရေဘေးသင့်ခဲ့သည်။ သို့ဖြစ်ရာ အဆိုပါရေဘေးသင့်ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ တပ်မတော်မိသားစုများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင့်အဖွဲ့များနှင့် အဖွဲ့အစည်းအသီးသီးမှ စေတနာရှင်ပြည်သူများက လှူဒါန်းသည့် ပစ္စည်းများကို သြဂုတ်လ (၈) ရက်နေ့၊ နံနက် (၉) နာရီခွဲအချိန်က မုံရွာမြို့၊ မင်းဒေါင့်ဆိပ်ကမ်းမှ ကလေးမြို့သို့ ဦးမျိုးဝင်း+ဒေါ်မြမြဝင်း “အောင်မြသန်း” ရေယာဉ်မိသားစုက ဇက်ရေယာဉ် (၅) စီး၊ အမြန်ယာဉ် (၂) စီး၊ စုစုပေါင်း … Read more
