(၁၀-၈- ၂၀၁၅) ရက်နေ့တွင် Ms. Renata Lok- Dessallien(UN Resident and Humanitarian Coordination Myanmar) မှ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရှိ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန (EOC) တွင် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာလူသားချင်းစာနာမှုအကူအညီ ပေးရေးညှိနှိုင်းမှုဌာန (ASEAN Coordination Centre for Humanitarian Assistance on Disaster Management – AHA Centre) မှကိုယ်စားလှယ်များ၊ United States Forest Service မွ Mr. Don Price (EOC Advisor)၊ WFP၊ JICA၊ MRCS၊ UNDP၊ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) နှင့်မြန်မာ့သတင်းအချက်အလက်စီမံခန့်ခွဲမှုယူနစ် (MIMU) တို့မှ ကိုယ်စားလှယ်များအပါအဝင် တာဝန်ထမ်းဆောင်နေသူများအား လာရောက်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရှိရပါသည်။