မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်း များကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန၊တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့လာရောက်လှူဒါန်းလျှက်ရှိရာ(၁၀-၈-၂၀၁၅) နေ့တွင်နေပြည်တော်အလှူခံဌာန၌ ငွေကျပ်(၄,၁၀,၀၀၀/-)၊အမေရိကန်ဒေါ်လာ(၁၅၀၃၀၀)ကို အမျိုး သားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊အတွင်းရေးမှူး၊လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဘုန်းဆွေနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် တာ၀န်ခံညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်တို့က လက်ခံရယူကာ ကျေးဇူးတင်စကားများပြန်လည်ပြောကြားပြီးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြပါသည်။
(၁၀-၈-၂၀၁၅)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူးရုံး၌ အလှူငွေကျပ်(၁၄၅,၇၆,၀၀၀/-)၊ ထိုင်းဘတ်(၂၅၀၀၀)နှင့် အလှူပစ္စည်း မျိုးစုံလက်ခံရရှိပါသည်။ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လည်းအလှူငွေကျပ်(၅,၅၉,၃၅၀/-) နှင့် အလှူပစ္စည်းမျိုးစုံ၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးတွင်လည်း အလှူငွေကျပ် (၁၁,၂၀,၀၀၀/-)၊ ဧရာ၀တီ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အလှူငွေကျပ်(၁,၀၀,၀၀၀/-)နှင့်အလှူပစ္စည်းမျိုးစုံတို့ကို စေတနာရှင် ပြည်သူများမှ လာရောက်လှူဒါန်းခဲ့ရာ(၂၉-၇-၂၀၁၅)ရက်နေ့မှ (၁၀-၈-၂၀၁၅)ရက်နေ့အထိ အလှူ ရရှိငွေစုစုပေါင်းမှာ ကျပ်(၅၄၅၅,၇၈,၁၀၀/-)နှင့် အမေရိကန်ဒေါ်လာ(၆၈၅၀)၊ ထိုင်းဘတ် (၇၅၂၀၀)၊ မလေးရှားရင်းဂစ် (၂၀၀၀)တို့ဖြစ်၍ ကယားပြည်နယ်ဦးစီးမှူးရုံးတွင် လက်ခံ ရရှိထားသည့် ငွေကျပ် (၁၄,၆၅,၀၀၀/-)(ကျပ်တစ်ဆယ့်လေးသိန်းခြောက်သောင်းငါးထောင်တိတိ)အား ကယားပြည်နယ်အစိုးရ အဖွဲ့တွင်ထိန်းသိမ်းထားရှိပါသည်။ သို့ဖြစ်ပါ၍ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီတွင်အသားတင်ရငွေမှာ (၅၄၄၁,၁၃,၁၀၀/-)နှင့် အမေရိကန်ဒေါ်လာ(၁၅၆၈၅၀)၊ ထိုင်းဘတ် (၇၅၂၀၀)၊မလေးရှားရင်းဂစ်(၂၀၀၀)လက်ခံရရှိသော အလှူငွေနှင့်ပစ္စည်းများကို ရေဘေးသင့်ပြည်သူ များသို့ ထောက်ပံ့လျှက်ရှိပါကြောင်း သတင်းရရှိပါသည်။