အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာ မြတ်မြတ်အုန်းခင်သည် သြဂုတ်လ(၈)ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ညောင်ပင်ရပ်ကွက်၊နွေသံဃာ့ဒါနဆွမ်းပတ်ဓမ္မာရုံကယ်ဆယ်ရေးစ ခန်းနှင့်ပျဉ်းမချောင်းကယ်ဆယ်ရေးစခန်းများသို့သွားရောက်ပြီးရေ ဘေးသင့်ပြည်သူများကိုအားပေးစကား ပြောကြားခြင်းနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း ကျောင်း၊ ( Disaster Management Training Center) သို့ရောက်ရှိ၍ အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက်လိုအပ်သည်များစီမံဆောင်ရွက်ပေးမှုသတင်း

အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာ မြတ်မြတ်အုန်းခင်သည် သြဂုတ်လ(၈)ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ညောင်ပင်ရပ်ကွက်၊နွေသံဃာ့ဒါနဆွမ်းပတ်ဓမ္မာရုံကယ်ဆယ်ရေးစခန်းနှင့်ပျဉ်းမချောင်းကယ်ဆယ်ရေးစခန်းများသို့သွားရောက်ပြီးရေဘေးသင့်ပြည်သူများကိုအားပေးစကား ပြောကြားကာအဝတ်အထည်များထောက်ပံ့ပေးခဲ့ပါသည်။ထို့နောက်ဟင်္သာတမြို့နယ်၊သာပေါင်းမြို့နယ်၊ငပုတောမြို့နယ်၊ကျုံပျော်မြို့နယ်၊ရေကြည်မြို့နယ်၊ကျောင်းကုန်းမြို့နယ်၊ဇလွန်မြို့နယ်၊လေးမျက်နှာမြို့နယ်၊မြန်အောင်မြို့နယ်၊ကြံခင်းမြို့နယ်၊ညောင်တုန်းမြို့နယ်၊အင်္ဂပူမြို့နယ်၊ဓနုဖြူမြို့နယ်များအတွင်းရှိရေဘေးသင့်ပြည်သူများအတွက်လိုအပ်ချက် များအပေါ်မူတည်၍ကယ်ဆယ်ရေးပစ္စည်း(၇)မျိုးဖြစ်သည့်ကျားလုံချည်၊မလုံချည်၊မျက် နှာသုတ်ပဝါ၊တီရှပ်၊ဆပ်ပြာ၊စောင်နှင့်ခြင်ထောင်တို့ကိုထောက်ပံ့ပေးခဲ့ပါသည်။ဆက်လက်၍မြန်မာနိုင်ငံ၏တစ်ခုတည်းသော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၊ ( Disaster Management Training Center) သို့ရောက်ရှိ၍ အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက်လိုအပ်သည်များစီမံဆောင်ရွက်ပေးပါသည်။ အဆိုပါသင်တန်းကျောင်းအား၂၀၁၃-၂၀၁၄ဘ ဏ္ဍာရေးနှစ်မှ စတင်ဆောက်လုပ်ခဲ့ပြီး ယခုအချိန်ထိ စာသင်ဆောင်သင်တန်းခန်းမကြီး၊ အုပ်ချုပ်မှုရုံး၊ အရာထမ်းအိမ်ရာများ၊ အမှုထမ်းအိမ်ရာ သင်တန်းသားအိပ်ဆောင်၊ သင်တန်းသူအိပ်ဆောင်နှင့် စားဖိုဆောင်တို့ကို ဆက်သွယ်ရေး၊ ရေ၊ မီးစုံလင်စွာဖြင့် ဆောက်လုပ်ပြီးစီးခဲ့၍ ခန်းမကြီး (Assembly Hall) ဧည့်ရိပ်သာ ထမင်းစားဆောင်၊ မိန်းရေစင်နှင့် အတွင်းလမ်းခင်းခြင်းတို့ကို ဆောင်ရွက်ဆဲ ဖြစ်ပါသည်။ နိုင်ငံတော်မှ ဘတ်ဂျက်ခွင့်ပြုငွေ စုစုပေါင်း ကျပ်သန်းပေါင်း (၂၅၄၃) သန်းဖြင့် တည်ဆောက်ခဲ့ပြီး နိုင်ငံတော်သမ္မ၏လမ်းညွှန်မှုဖြင့် အမြန်ဆုံးဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။

 

Sign Up

Upcoming Events