မြန်မာနိုင်ငံရေဘေးသင့်ဒေသများတွင်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်အသုံးပြုရန်အတွက် အပြည်ပြည်ဆိုင်ရာကြေးနန်းဆက်သွယ်ရေးအဖွဲ့ (ITU) အနေဖြင့် အဆိုပါဒေသများတွင် ဆက်သွယ်မှုမပြတ် တောက်စေရေးအထောက်အကူဖြစ်စေရန် ဂြိုလ်တုစနစ်သုံး တယ်လီဖုန်းများပေးပို့ကူညီခြင်းနှင့်အတူ (ITU) မှ အရေးပေါ်ဆက်သွယ်ရေးဆိုင်ရာဌာနအကြီးအကဲ Ms. Fuatai Purcell သည် နေပြည်တော်သို့ရောက်ရှိစဉ် ယနေ့နံနက် (၁၁:၃၀) အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးဘုန်းဆွေနှင့် အမြဲတမ်းအတွင်းဝန် တာဝန်ခံညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်တို့အားလာရောက် တွေ့ဆုံခဲ့ပြီး (ITU) အနေဖြင့်အဖွဲ့ဝင်နိုင်ငံများတွင် သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် ပံ့ပိုးကူညီဆောင်ရွက် ပေးမှုများ၊ သဘာဝဘေးကျရောက်ချိန်တွင် ဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် (Emergency Communication System ) အသုံးပြုကာ သတင်းအချက်အလက်များ ရယူပေးပို့ကာလိုအပ်သည့် ပံ့ပိုးကူညီမှုများ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက် ပေးနိုင်ရေးစသည့် ခရီးစဉ်ရည်ရွယ်ချက်များ အားရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့်ရေ ဘေးသင့်ဒေသများ အားကူညီဆောင်ရွက်ပေးနေသည့် အခြေအနေ၊ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေ၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရှိ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန (EOC) ဖွင့်လှစ်ကာ (၂၄) နာရီ စောင့်ကြည့်စနစ်၊ သက်ဆိုင်ရာအဖွဲ့အစည်းဌာနများ နှင့်ပူးပေါင်းဆောင်ရွက်ပေးနေမှုအခြေအနေများကိုဆွေးနွေးခဲ့ပါသည်။ Ms. Fuatai Purcell ကိုယ်စားလှယ်သည် (EOC) သို့သွားရောက်၍လုပ်ငန်းများ ဆောင်ရွက်နေမှုများလေ့လာကြည့်ရှုခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။