Author Archives: RRD
-
(၉-၁၂-၂၀၁၅) ရက်နေ့တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ (မြန်မာငွေ/နိုင်ငံခြားငွေ) ရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်း
(၉-၁၂-၂၀၁၅) ရက်နေ့တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ (မြန်မာငွေ/နိုင်ငံခြားငွေ) ရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်းကို အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်- ရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်း
-
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ အိမ်မိုးသွပ်ပြား (၂၀၀၀၀၀)ချပ် လှူဒါန်းမှုအခြေအနေ
(၂-၉-၂၀၁၅)မှ (၄-၉-၂၀၁၅)အထိ နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း ကူမင်းမြို့၌ ခေတ္တနားခိုစဉ်တွင် ယူနန်ပြည်နယ်ပါတီ အတွင်းရေးမှူး Mr.Li Ji Heng နှင့်တွေ့ဆုံခဲ့ရာ မြန်မာနိုင်ငံ၏ ရေဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် နေအိမ်များအတွက် အခင်းနှင့်အကာကို သစ်ဖြင့် ဆောက်လုပ်နိုင် သော်လည်း အမိုးအတွက်သွပ်ပြားလိုအပ်ပါကြောင်း၊နေအိမ်(၅၀၀၀)လုံးအတွက်သွပ်ပြား(၂၀၀၀၀၀)ချပ် လိုအပ်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ဆောက်လုပ်မည့်နေအိမ်များအတွက် ဆားငန်ရေဒဏ်ခံနိုင်မည့် အလူမီနီယံဇင့်သွပ်ပြားများ လိုအပ်ပါကြောင်း၊ ယင်းလိုအပ်သောအိမ်မိုး သွပ်များအတွက် ယူနန်ပြည်နယ်အစိုးရမှ တတ်နိုင်သလောက်လှူဒါန်းပေးပါရန် ဆွေးနွေးခဲ့ပါသည်။ ထိုဆွေးနွေးချက်အရ မြန်မာနိုင်ငံအတွက် လိုအပ်သည့်သွပ်ပြားအမျိုးအစား၊ အရွယ်အစားနှင့် အရေအတွက်တို့ကို ယူနန်ပြည်နယ်၊ … Read more
-
၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် Cyclone Shelter(၁၀)လုံးဆောက်လုပ်မှုအခြေအနေသတင်း
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့ (၁၅:၀၀)အချိန်တွင် လမ်းဦးစီးဌာန၊ စစ်တွေမြို့ရှိ ညွှန်ကြားရေးမှူး (မြို့ပြ)ရုံး၊ အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး၀န်ကြီး၊ ဦးလှဟန်ဦးစီး၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သော Cyclone Shelter (၁၀) လုံး တည်ဆောက်ခြင်းအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ပြည်နယ်၀န်ကြီး ဦးလှဟန်မှဆွေးနွေးရာတွင် Cyclone Shelter (၁၀)လုံး ဆောက်လုပ်လျက်ရှိရာ (၆) လုံး မှာ (၁၀၀%) ပြီးစီးပြီး ကျန် (၄)လုံး … Read more
-
(၈-၁၂-၂၀၁၅) ရက်နေ့တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ (မြန်မာငွေ/နိုင်ငံခြားငွေ္) ရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်း
(၈-၁၂-၂၀၁၅) ရက်နေ့တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ (မြန်မာငွေ/နိုင်ငံခြားငွေ္) ရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်းကို အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်-
-
ြမန်မာနိုင်ငံ၏ တစ်ခုတည်းသော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းကြီးဖွင့်ပွဲကျင်းပ
(၁) သဘာဝဘေးဒဏ်ခုခံနိုင်စွမ်းမြင့်မားသော လူမှုအသိုက်အဝန်းဖြစ်ပေါ်လာစေရန်၊ (၂) သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနယ်ပယ်တွင် ကျွမ်းကျင်ပညာရှင်များပေါ်ထွက်လာစေရန်၊ (၃) နိုင်ငံအတွင်း သဘာဝဘေးလျော့ပါးရေးဆိုင်ရာ နိုင်ငံတကာအသိပညာ၊ ဗဟုသုတများကျယ်ြပန့် စွာပို့ချပေးနိုင်ရန်နဲ့ (၄) သုတေသနလုပ်ငန်းများဆောင်ရွက်သွားရန်စတဲ့ ရည်ရွယ်ချက်များနဲ့ ြမန်မာနိုင်ငံ၏ တစ်ခုတည်းသော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်းကြီး (Disaseter Management Training Center)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအြေခခံသင်တန်း အမှတ်စဥ်(၁/၂၀၁၅)ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမြတ်ြမတ်အုန်းခင်၊ ဧရာဝတီတိုင်းဒေသကြီး … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဒီဇင်ဘာလ (၁) ရက်နေ့၊ နံနက်ပိုင်းတွင် The World Bank မှ Senior Infrastructure Specialist ဖြစ်သူ Mrs. Henrike Brecht ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးနေမှုနှင့် အလှူငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဒီဇင်ဘာလ (၁) ရက်နေ့၊ နံနက်ပိုင်းတွင် The World Bank မှ Senior Infrastructure Specialist ဖြစ်သူ Mrs. Henrike Brecht ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံပြီး အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ၏ ဦးဆောင်မှုဖြင့် စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီနှင့် ပြန်လည် ထူထောင်မှုလုပ်ငန်းညှိနှိုင်းရေးလုပ်ငန်းကော်မတီတို့၏ ဆောင်ရွက်နေ မှု၊ အရေးပေါ်လုပ်ငန်းစင်တာ၊ … Read more
-
မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁-၁၂-၂၀၁၅) ရက်နေ့အထိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ လှူဒါန်းသည့် အလှူငွေစုစုပေါင်း ကျပ် (၉၀၅၅၈,၉၉,၁၉၇/၆၁ပြား)၊ အမေရိကန်ဒေါ်လာ (၃၅၄၁၂၃၂.၄၀) လက်ခံရရှိမှုသတင်း
၂၀၁၅ ခုနှစ်၊ ဇွန်လမှ အောက်တိုဘာလအတွင်း မြန်မာနိုင်ငံအနှံ့အပြား ဖြစ်ပွားခဲ့သောရေကြီး၊ ရေလျှံမှုနှင့် မြေပြိုမှု များကြောင့် ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပအစိုးရများ၊ အဖွဲ့အစည်းများ၊ ပြည်သူများက အလှူငွေ များပေးအပ်လှူဒါန်းလျက်ရှိရာ (၁-၁၂-၂၀၁၅) ရက်နေ့တွင် နေပြည်တော် (ရုံးချုပ်) ၌ ယဉ်ကျေးမှု၀န်ကြီးဌာန၊ ၀န်ထမ်း မိသားစုများမှ အလှူငွေကျပ် (၅၇,၆၅,၅၀၀/-) ကို လာရောက်လှူဒါန်းခဲ့ရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဒေါက်တာမြတ်မြတ်အုန်းခင်မှ လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ပါသည်။ … Read more
