ြမန်မာနိုင်ငံ၏ တစ်ခုတည်းသော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းကြီးဖွင့်ပွဲကျင်းပ

(၁) သဘာဝဘေးဒဏ်ခုခံနိုင်စွမ်းမြင့်မားသော လူမှုအသိုက်အဝန်းဖြစ်ပေါ်လာစေရန်၊

(၂) သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနယ်ပယ်တွင် ကျွမ်းကျင်ပညာရှင်များပေါ်ထွက်လာစေရန်၊

(၃) နိုင်ငံအတွင်း သဘာဝဘေးလျော့ပါးရေးဆိုင်ရာ နိုင်ငံတကာအသိပညာ၊ ဗဟုသုတများကျယ်ြပန့် စွာပို့ချပေးနိုင်ရန်နဲ့

(၄) သုတေသနလုပ်ငန်းများဆောင်ရွက်သွားရန်စတဲ့ ရည်ရွယ်ချက်များနဲ့ ြမန်မာနိုင်ငံ၏ တစ်ခုတည်းသော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်းကြီး (Disaseter Management Training Center)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအ‌ြေခခံသင်တန်း အမှတ်စဥ်(၁/၂၀၁၅)ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမြတ်ြမတ်အုန်းခင်၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတင်စိုး၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါ်ခင်စောမူ၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်တို့က သင်တန်းကျောင်းအဝင် မုဒ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး သင်တန်းကျောင်း အဝင်ဆိုင်းဘုတ်ကိုစက်ခလုပ်နှိပ် ဖွင့်လှစ်ပေး၍ အမွှေးနံသာများပက်ဖျန်းပါသည်။ ထို့နောက် အဝင် မုဒ်ဦးရှေ့တွင် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး သင်တန်းကျောင်းအဆောက်အဦးများအတွင်း လှည့် လည်ကြည့်ရှုပါသည်။ ၎င်းနောက် နှစ်ထပ်သင်တန်းကျောင်းဆောင်ရှိ ကမ္ဗည်းမော်ကွန်းကို ဖဲကြိုးဖြတ်ပြီး စက်ခလုပ် နှိပ်ဖွင့်လှစ်၍ အမွှေးနံသာရည်များ ပက်ဖျန်းပေးပြီး ဘွဲ့နှင်းသဘင်ခန်းမကြီးအတွင်း၌ ပြည်ထောင်စုဝန်ကြီးက အမှာစကား‌ြေပာကြားရာတွင် ြမန်မာနိုင်ငံလူမှု ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာအမျိုးသား အဆင့်မဟာဗျူဟာစီမံချက်(Myanmar National Strategic Plan on Social Protection)မှာ သဘာဝဘေးသင့်သူများအား ကူညီထောက်ပံ့ခြင်းအပါအဝင် လူမှုရေးအရကာကွယ်ထောက်ပံ့ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနှင့် နည်းဥပဒေကိုလည်း ပြဌာန်းထားရှိပြီးဥပဒေ၊ နည်းဥပဒေများနဲ့အညီ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မင်္ဂလာအပေါင်းနဲ့ ြပည်‌့ဝတဲ့ဒီကနေ့မှာတော့ ြပည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ လမ်းညွှန်မှုအရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဦးဆောင်စီမံခန့်ခွဲမှုတို့ဖြင့် ‌ြေပာင်းလဲလာသော ခေတ်သစ်၊ စနစ်သစ်အရ   ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင်   ပထမဆုံးတစ်ခု ၂ တည်းသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကျောင်းကြီး (Disaseter Management Training Center)ကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့မှာ တည်ထောင်ဖွင့် လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနနဲ့ ဧရာဝတီတိုင်းဒေကြီးအတွင်းရှိ ဌာနဆိုင်ရာအရာထမ်း၊ အမှု ထမ်းများ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကို စိတ်ပါဝင်စားသော ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ လူငယ်များစုစုပေါင်း(၆၀)ဦးကို (၁၂)ရက်ကြာသင်ကြားပေးမှာဖြစ်ပါကြောင်း၊ နောင်အနာဂါတ်မှာ Certificate ပေးအပ်သည့် သင်တန်းများသာမက (၆)လသင်တန်း၊ (၁)နှစ်သင်တန်းစသည်ဖြင့် Diploma ပေးအပ်နိုင်မည့်သင်တန်းများ၊ ဘွဲ့ကြိုသင်တန်းများ၊ ဘွဲ့လွန်သင်တန်းများ၊ သုတေသနများ စသည်ဖြင့် နိုင်ငံတကာအဆင့်မီပညာရပ်များကိုပို့ချသွားရန် ရည်မှန်းထားပေါကြောင်းစသည်ဖြင်‌့ ပြောကြားပါသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌက အမှာစကား‌ြေပာကြား၍ ြမန်မာနိုင်ငံသဘာဝဘေးစီမံခန့်ခွဲမှုစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေးပူးပေါင်းအဖွဲ့ကိုယ်စား UN-Habitat Country မှ Programme Manager ဖြစ်သူ Mr. Bijay Karmacharyaက ပူးပေါင်း ဆောင်ရွက်ခဲ့မှုအ‌ြေခအနေများကို ရှင်းလင်း‌ြေပာကြားပါသည်။ ၎င်းနောက်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအ‌ြေခခံသင်တန်းအမှတ်စဥ်(၁/၂၀၁၅)ဖွင့်လှစ်ပို့ချနေမှုကိုကြည့်ရှု၍ သင်တန်းသား/ သူ လူငယ်များကို အားပေးစကား‌ြေပာကြားပါသည်။ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းကြီးကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ တည်ဆောက်ခဲ့ပြီး ‌ြေမဧက(၂၂)ဧကပေါ်တွင် စာကြည့်တိုက်နှင့် ကွန်ပျူတာဆောင်၊ နှစ်ထပ်စာသင် ကျောင်းကြီး၊ ဘွဲ့နှင်းသဘင်ခန်းမ၊ အုပ်ချုပ်မှုဆောင်၊ သင်တန်းသားအိပ်ဆောင်၊ သင်တန်းသူအိပ် ဆောင်၊ ဧည့်ရိပ်သာ၊ စားရိပ်သာနှင့်စားဖိုဆောင်၊ အရာထမ်းအိမ်ရာ၊ အမှုထမ်းအိမ်ရာတို့ဖြင့် ဖွဲ့စည်း ထားရှိကာကြီးကျယ်ခန်းနားစွာ နိုင်ငံတကာအဆင့်မှီ သဘာဝဘေးစီမံခန့်ခွဲမှုပညာရပ်များကို သင်ကြား ပေးသွားမှာဖြစ်ပါကြောင်းသိရှိရပါသည်။

Sign Up

Upcoming Events