၂၀၁၅ ခုနှစ်၊ ဇွန်လမှ အောက်တိုဘာလအတွင်း မြန်မာနိုင်ငံအနှံ့အပြား ဖြစ်ပွားခဲ့သောရေကြီး၊ ရေလျှံမှုနှင့် မြေပြိုမှု များကြောင့် ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပအစိုးရများ၊ အဖွဲ့အစည်းများ၊ ပြည်သူများက အလှူငွေ များပေးအပ်လှူဒါန်းလျက်ရှိရာ (၁-၁၂-၂၀၁၅) ရက်နေ့တွင် နေပြည်တော် (ရုံးချုပ်) ၌ ယဉ်ကျေးမှု၀န်ကြီးဌာန၊ ၀န်ထမ်း မိသားစုများမှ အလှူငွေကျပ် (၅၇,၆၅,၅၀၀/-) ကို လာရောက်လှူဒါန်းခဲ့ရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဒေါက်တာမြတ်မြတ်အုန်းခင်မှ လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁-၁၂-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၉၀၅၅၈,၉၉,၁၉၇/၆၁ပြား)၊ အမေရိကန်ဒေါ်လာ (၃၅၄၁၂၃၂.၄၀) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေများကို ဘေးသင့် ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သုံးစွဲလျက်ရှိပါကြောင်း သတင်းရရှိပါသည်။