လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဒီဇင်ဘာလ (၁) ရက်နေ့၊ နံနက်ပိုင်းတွင် The World Bank မှ Senior Infrastructure Specialist ဖြစ်သူ Mrs. Henrike Brecht ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးနေမှုနှင့် အလှူငွေပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဒီဇင်ဘာလ (၁) ရက်နေ့၊ နံနက်ပိုင်းတွင် The World Bank မှ Senior Infrastructure Specialist ဖြစ်သူ Mrs. Henrike Brecht ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံပြီး အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ၏ ဦးဆောင်မှုဖြင့် စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီနှင့် ပြန်လည် ထူထောင်မှုလုပ်ငန်းညှိနှိုင်းရေးလုပ်ငန်းကော်မတီတို့၏ ဆောင်ရွက်နေ မှု၊ အရေးပေါ်လုပ်‌ငန်းစင်တာ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းညှိနှိုင်း ရေးစင်တာနှင့် ပြန်လည်ထူထောင်ရေးစီမံကိန်းများရေးဆွဲရေးဖိုရမ်တို့ ကို ဖွင့်လှစ်ဆောင်ရွက်နေမှု၊ ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက် စီးဆုံးရှုံးမှုများနှင့် ဝန်ကြီးဌာနအနေဖြင့် ကူညီထောက်ပံမှုနှင့် အလှူငွေ လက်ခံရရှိမှု၊ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရေးအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်မှုများနှင့် လိုအပ်သော လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ ဘေးသင့်ပြည်သူများအား လူမှုကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်ပေးမှုအခြေအနေနှင့် ရေဘေး သင့်ပြည်သူများအား စိတ်-လူမှုရေးဆိုင်ရာဖြေသိမ့်အားပေးကူညီခြင်း လုပ်ငန်းများ၊ ဒီဇင်ဘာလ (၄) ရက်နေ့တွင်ဖွင့်လှစ်မည့် မြန်မာနိုင်ငံရှိ တစ်ခုတည်းရှိသော ဟင်္သာတမြို့ သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်း ကျောင်းနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများ၊ ပြန်လည်ထူထောင် ရေးအတွက် Small and Medium Enterprise များနှင့် စပ်လျဉ်း၍ အဖွဲ့အစည်းနှစ်ခုအကြား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများမှ (၅၇.၆၅၅) သိန်းကျပ် ကို လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ် တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

 

Sign Up

Upcoming Events