၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် Cyclone Shelter(၁၀)လုံးဆောက်လုပ်မှုအခြေအနေသတင်း

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့ (၁၅:၀၀)အချိန်တွင်  လမ်းဦးစီးဌာန၊ စစ်တွေမြို့ရှိ ညွှန်ကြားရေးမှူး (မြို့ပြ)ရုံး၊  အစည်းအ‌ဝေးခန်းမ၌     ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊   ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး၀န်ကြီး၊ ဦးလှဟန်ဦးစီး၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သော Cyclone Shelter (၁၀) လုံး တည်ဆောက်ခြင်းအတွက်  လုပ်ငန်းညှိနှိုင်း အစည်းအ‌ဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအ‌ဝေး၌  ပြည်နယ်၀န်ကြီး ဦးလှဟန်မှဆွေးနွေးရာတွင် Cyclone Shelter (၁၀)လုံး ဆောက်လုပ်လျက်ရှိရာ (၆) လုံး မှာ (၁၀၀%) ပြီးစီးပြီး  ကျန် (၄)လုံး အား  အမြန်ပြီးစီးရေးတွန်းအားပေးဆောင်ရွက်သွားရန်နှင့် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့တွင်  အပ်နှံနိုင်ရေးဆောင်ရွက်သွားရန်  ဆုံးဖြတ်ခဲ့ကြပါသည်။ အဆိုပါ Cyclone  Shelter (၁၀)လုံးတွင်  စစ်တွေမြို့နယ်အတွင်းရှိ သဲချောင်းကျေးရွာ၊ မင်းလှကျေးရွာ၊ ဘောဒူဖကျေးရွာ၊ ပလ္လင်ပြင်ကျေးရွာ၊  တောင်ကုတ်မြို့နယ်၊ ငမောက်ချောင်းကျေးရွာနှင့်  မင်းပြားမြို့နယ်၊ အိုင်၀န်းကျေးရွာ တို့တွင် (၁၀၀%) ပြီးစီးပြီး  ပေါက်တောမြို့နယ်၊ ကံပြင်ကျေးရွာ၊  မြေပုံမြို့နယ်၊  ပြင်ချောင်းကျေးရွာ၊     သင်ပေါင်းချောင်း ကျေးရွာနှင့် ကျောက်ဖြူမြို့နယ်၊   သဲတန်းကျေးရွာတို့တွင်  ကျန်ရှိနေပြီး Cyclone  Shelter များအား     မည်သည့်ဌာသို့ လွှဲပြောင်းအပ်နှံရမည်ကို ပြည်နယ်၀န်ကြီးချုပ်၏ လမ်းညွှန်မှုရရှိပါက  အကြောင်းကြားသွားမည်ဖြစ်ကြောင်း  သတင်းရရှိပါသည်။

Sign Up

Upcoming Events