Author Archives: RRD
-
၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ထိန်ဒွေရပ်ကွက်၌ မီးလောင်မှုသတင်းနှင့် ထောက်ပံ့မှုအခြေအနေသတင်း
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ထိန်ဒွေရပ်ကွက်တွင် (၁၆-၁-၂၀၁၆) ရက်နေ့၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၂) လုံးမီးလောင်ကျွမ်း ခဲ့ပြီး ၊ အိမ်ထောင်စု (၂)စု၊ ကျား (၃) ဦး၊ မ (၂)ဦး၊ ပေါင်း (၅) ဦး ဘေးဒုက္ခ ကြုံတွေ့ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တန်ဖိုးငွေ (၄၄၁၃၂/-) ရှိ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၂) အိမ်ထောင်စာအား (၁၈-၁-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကနဦးသတင်း … Read more
-
အမျိုးသားအဆင့် လူငယ်မူဝါဒရေးဆွဲရေးဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်အား UNFPA အဖွဲ့မှ ဌာနေကိုယ်စားလှယ် Ms. Janet Jackson ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၁၂-၁-၂၀၁၆) ရက်နေ့၊ မွန်းလွဲ (၂) နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံလူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါလုပ်ငန်းများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်စီမံကိန်း (၂၀၁၃-၂၀၂၂) အတိုင်း အကောင်အထည်ဖော်နေမှု၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ … Read more
-
၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ၊ ကျွန်းတောမြောက်ရပ်ကွက်၌ မီးလောင်မှုသတင်းနှင့် ထောက်ပံ့မှုအခြေအနေသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောမြောက်ရပ်ကွက်တွင် (၁၁-၁-၂၀၁၆) ရက် နေ့၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁၄) လုံး ပျက်စီး ဆုံးရှုံးခဲ့ပြီး ၊ အိမ်ထောင်စု (၂၉) စု၊ လူဦးရေ (၁၃၉) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ပါ သည်။ အဆိုပါ မီးဘေးကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ (၁၆၇)သိန်းခန့်ဖြစ်ပြီး၊ မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ တန်ဖိုး ငွေ (၆၃၉၉၁၄/-) ရှိ ကယ်ဆယ်ရေး ပစ္စည်း (၉) မျိုး (၂၉) အိမ်ထောင်စာ၊ … Read more
-
ကချင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်နှင့် အသက် (၉၀) နှစ်နှင့် (၁၀၀) နှစ်ကြား အဘိုးအဘွားများအား ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဇန်နဝါရီလ (၈) ရက်တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းနှင့်အတူ မြစ်ကြီးနားမြို့နယ်၊ ငွေပျော်စံပြကျေးရွာသို့ သွားရောက်၍ ဝန်ကြီးဌာနမှ (၅၀၀) သိန်းကျပ်ဖြင့် ဆောက်လုပ်လှူဒါန်းထားသည့် သဘာဝဘေးဖြစ်ပွားပါက ခိုလှုံရန်နေရာအဖြစ်အသုံးပြုရန် ငွေပျော်စံပြကျေးရွာ မူလတန်းကြိုကျောင်းကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဇန်နဝါရီလ (၉) ရက်တွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည့် “ကချင်ပြည်နယ်အတွင်းရှိ ဘေးသင့်ပြည်သူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေ၊ အသက် (၉၀) နှစ်နှင့် (၁၀၀) … Read more
-
၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါက်ဝဲမြို့နယ်၊ ထိန်အင်းကျေးရွာအုပ်စု၊ ကလန်စင်ကျေးရွာ၌ မီးလောင်မှုသတင်းနှင့် ထောက်ပံ့မှုအခြေအနေသတင်း
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါက်ဝဲမြို့နယ်၊ ထိန်အင်းကျေးရွာအုပ်စု၊ ကလန် စင်ကျေးရွာတွင် (၁၀-၁-၂၀၁၆) ရက်နေ့၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၂၆) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ၊ အိမ်ထောင်စု (၂၆)စုမှ ကျား (၅၀) ဦး၊ မ (၅၀) ဦး၊ ပေါင်း (၁၀၀) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်။ အဆိုပါ မီးဘေးကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ (၅၆၁၆၀၀၀/-) ခန့်ဖြစ်ပြီး၊ မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တန်ဖိုးငွေ (၅၇၃၇၁၆/-) ရှိ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၂၆) … Read more
-
(၆-၁-၂၀၁၆) ရက်နေ့၊ မွန်းလွဲ (၁) နာရီအချိန်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်အမှာစကားပြောကြားမှုသတင်း
အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၆-၁-၂၀၁၆) ရက်နေ့၊ မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်နှင့် စီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့မှ တာဝန်ရှိသူများ၊ သဘာ၀ဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများ၊ … Read more
