ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ထိန်ဒွေရပ်ကွက်တွင် (၁၆-၁-၂၀၁၆) ရက်နေ့၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၂) လုံးမီးလောင်ကျွမ်း ခဲ့ပြီး ၊ အိမ်ထောင်စု (၂)စု၊ ကျား (၃) ဦး၊ မ (၂)ဦး၊ ပေါင်း (၅) ဦး ဘေးဒုက္ခ ကြုံတွေ့ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တန်ဖိုးငွေ (၄၄၁၃၂/-) ရှိ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၂) အိမ်ထောင်စာအား (၁၈-၁-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကနဦးသတင်း ရရှိပါသည်။