ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောမြောက်ရပ်ကွက်တွင် (၁၁-၁-၂၀၁၆) ရက် နေ့၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁၄) လုံး ပျက်စီး ဆုံးရှုံးခဲ့ပြီး ၊ အိမ်ထောင်စု (၂၉) စု၊ လူဦးရေ (၁၃၉) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ပါ သည်။ အဆိုပါ မီးဘေးကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ (၁၆၇)သိန်းခန့်ဖြစ်ပြီး၊ မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ တန်ဖိုး ငွေ (၆၃၉၉၁၄/-) ရှိ ကယ်ဆယ်ရေး ပစ္စည်း (၉) မျိုး (၂၉) အိမ်ထောင်စာ၊ Family Kits (၂၉) စုံနှင့် အလှူပစ္စည်း များကို (၁၂-၁-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကနဦး သတင်း ရရှိပါသည်။