အမျိုးသားအဆင့် လူငယ်မူဝါဒရေးဆွဲရေးဆွေးနွေးမှုသတင်း

Call1 Call

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်အား UNFPA အဖွဲ့မှ ဌာနေကိုယ်စားလှယ် Ms. Janet Jackson ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၁၂-၁-၂၀၁၆) ရက်နေ့၊ မွန်းလွဲ (၂) နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံလူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါလုပ်ငန်းများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်စီမံကိန်း (၂၀၁၃-၂၀၂၂) အတိုင်း အကောင်အထည်ဖော်နေမှု၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသို့ ပေးပို့ထားမှု၊ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးဥပဒေအတည်ပြုနိုင်ရေးပြီးစီးမှုအခြေအနေ၊ ဧရာဝတီတိုင်းဒေသကြီး၊ မြို့တွင် ဒီဇင်ဘာလ (၄) ရက်နေ့မှ စတင်၍ ဖွင့်လှစ်နိုင်ခဲ့ပြီးြဖစ်သော မြန်မာနိုင်ငံတွင် ပထမဆုံးတစ်ခုတည်းသော သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ စေတနာ့ဝန်ထမ်းလူငယ်များကို သင်တန်းပို့ချနေမှုများ၊ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များနှင့် သဘာဝဘေးဖြစ်ပွားပါက အစုအဖွဲ့ပုံသဏ္ဍာန်ဖြင့် အရေးပေါ်လှုပ်ရှားဆောင်ရွက်နိုင်ဖို့အတွက် ဖွဲ့စည်းထားသော ရပ်ကွက်၊ ကျေးရွာအခြေပြုနည်းလမ်းများနှင့် သဘာဝဘေးလျော့ပါးရေးနှင့် လူမှုစောင့်ရှောက်ရေးစေတနာ့ဝန်ထမ်းလူငယ်များ စီမံကိန်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ အမျိုးသားအဆင့် လူငယ်မူဝါဒရေးဆွဲနေမှုအခေြအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events