မကွေးတိုင်းဒေသကြီး၊ ဆင်ပေါက်ဝဲမြို့နယ်၊ ထိန်အင်းကျေးရွာအုပ်စု၊ ကလန် စင်ကျေးရွာတွင် (၁၀-၁-၂၀၁၆) ရက်နေ့၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၂၆) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ၊ အိမ်ထောင်စု (၂၆)စုမှ ကျား (၅၀) ဦး၊ မ (၅၀) ဦး၊ ပေါင်း (၁၀၀) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်။ အဆိုပါ မီးဘေးကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ (၅၆၁၆၀၀၀/-) ခန့်ဖြစ်ပြီး၊ မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တန်ဖိုးငွေ (၅၇၃၇၁၆/-) ရှိ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၂၆) အိမ်ထောင်စာအား (၁၁-၁-၂၀၁၆) ရက်နေ့ တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကနဦးသတင်း ရရှိပါသည်။