Author Archives: RRD

  • (၁၇.၄.၂၀၁၆) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဆီရားကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေဖြန့်ဝေပေးမှုသတင်း

    (၁၇.၄.၂၀၁၆) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ ရေရှားပါးသောဒေသများသို့ သောက်သုံးရေများဖြန့်ဝေပေးရေးဆောင်ရွက် လျက်ရှိရာ ကလောမြို့နယ် ဆီရားကျေးရွာရှိ အိမ်ခြေအိမ်ထောင်စ ု(၁၅၀) ခန့်အတွက် (၇) ဂါလံဝင်ရေပုံး (၁၅၀)၊ စုစုပေါင်း (၁၀၅၀) ဂါလံအား ရှမ်းပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်နှင့်ဝန်ထမ်းများမှ သွားရောက်ပေးပို့ထောက်ပံ့ခဲ့ကြောင်းနှင့် နောက်ရက်များတွင် လည်း အလားတူရေရှားပါးသောဒေသများသို့ သောက်သုံးရေ ဖြန့်ဝေပေးရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

  • ငလျင်လှုပ်ခတ်မှုသတင်းနှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၏ ဆောင်ရွက်ချက်

    ၁။        ၂၀၁၆ခုနှစ်၊ ဧပြီလ(၁၃)ရက်နေ့ မြန်မာစံတော်ချိန် ည(၈)နာရီ၊ (၂၅)မိနစ်၊ (၁၈)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၁၂)မိုင်ခန့်ကွာ‌ဝေးသော မြန်မာနိုင်ငံ ပြည်တွင်း ကလေးမြို့၏ အရှေ့-အရှေ့တောင်ဘက်(၄၂)မိုင်ခန့်အကွာကိုဗဟိုပြု၍ ငလျင်ပြင်းအား ရစ်ချ်တာစကေး(၆.၈)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါသည်။ ၂။        ငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးကိုယ်တိုင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဦးစီးမှူးရုံးများနှင့် ဆက်သွယ်၍ သတင်းရယူဆောင်ရွက်ခဲ့ပါသည်။ ငလျင်ကြောင့် လူအသေအပျောက်၊ ထိခိုက်မှုနှင့် အဆောက်အဦများ ပြင်းပြင်းထန်ထန် ပြိုကျပျက်စီးခြင်းမရှိခဲ့ကြောင်း … Read more

Sign Up

Upcoming Events