(၁၃-၄-၂၀၁၆) ရက်နေ့၊ (၂ဝ:၂၅:၁၈) နာရီအချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၁၂) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ကလေးမြို့၏ အရှေ့- အရှေ့တောင်ဘက် (၄၂မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၈) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
အဆိုပါမြေငလျင်လှုပ်ခတ်မှုကြောင့် (၁၄-၄-၂၀၁၆) ရက်နေ့၊ (၁၂:ဝ၀) နာရီအချိန်အထိ လူနှင့်တိရစ္ဆာန် သေကြေပျက်စီးမှုမရှိပါကြောင်းနှင့် ထိခိုက်ပျက်စီးမှုအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ကြောင်း သတင်းရရှိပါသည်-
(က) မုံရွာမြို့နယ်၊ ရွှေပြည်အေးရပ်ကွက်၊ အလုံ အ.ထ.က(၂)ကျောင်း ခြံစည်းရိုးအုတ်တံတိုင်း (၁၈) ခန်း ပြိုကျခြင်း။
( ခ) ချောင်းဦးမြို့နယ်၊ တောကျောင်းကြီးကျေးရွာ၊ ရွှေဂူကြီးဘုရားအရန်စေတီ စိန်ဖူးတော် မြေခခဲ့ခြင်း၊ အမြင့်ကျေးရွာအုပ်စု၊ တမာပင်ကျေးရွာ၊ ရပ်သစ်ကျောင်းတိုက် အနောက်ဘက်ရှိ ဉာဏ်တော်အတောင် (၅၀) ခန့်ရှိ အတွင်းရွှေမြင်ထင်စေတီတော် ထီးတော်မြေခခဲ့ခြင်း။
( ဂ) ယင်းမာပင်မြို့နယ်၊ မြရိပ်ကျေးရွာ၊ တောင်ပေါ်ကျောင်း ဉာဏ်တော် (၃၀) ပေခန့်ရှိ ရှစ်မျက်နှာဘုရားထီးတော် မြေခခဲ့ခြင်း၊ ဉာဏ်တော် (၃၁) ပေရှိ ဦးဘိုးဒန်စေတီတော်၊ ဉာဏ်တော် (၂၆) ပေရှိ မယ်ပေါင်းမယ်စေတီတော်၊ ဉာဏ်တော် (၃၆) ပေရှိ ဦးတေဇစေတီတော်နှင့် ဉာဏ်တော် (၃၈) ပေရှိ ဦးဘိုးလှိုင်စေတီတော်တို့မှာ ထီးတော်စောင်း၍ ကွဲအက်မှုများဖြစ်ခြင်း။
(ဃ) ဆားလင်းကြီးမြို့နယ်၊ ၀ါးတန်းကျေးရွာ၊ သတ္တမဗောဓိကျောင်းတိုက်အတွင်း ဉာဏ်တော် (၈၁) ပေရှိ အောင်သိဒ္ဓိစေတီတော်မှာ စိန်ဖူးတော်မြေခခဲ့ခြင်း၊ ဝက်မှေး-ကံတောကျေးရွာသစ်ရှိ ကံတောကျောင်းတိုက် နှစ်ထပ်ကျောင်းဆောင်၏ အပေါ်ထပ်လှေကားအတက် အနောက်ဘက်နံရံတွင် (၅)ပေကျော်ခန့်၊ လှေကားအတက်အောက်ထပ်တွင် (၄) ပေခန့် အက်ကြောင်း (၂) ခုနှင့် အထက်အောက် (၅) ပေခန့်အက်ကြောင်း (၄)ခု၊ စုစုပေါင်း (၆) ခု အက်ကွဲခဲ့ခြင်း၊ လင်းစားကျက်ကျေးရွာအုပ်စု၊ လင်းစားကျက်ကျေးရွာ၏ တောင်ဘက် နတ်ကြီးကုန်းပေါ်တွင်တည်ထားသော ဉာဏ်တော် (၅၅) ပေရှိ နတ်ကြီးကုန်း အရှေ့ဘုရားနှင့် ဉာဏ်တော် (၆၀) ပေရှိ အနောက်ဘုရားတို့သည် စိန်ဖူးတော်မြေခ၍ အနောက်ဘုရားမှာ (၁) ပေခန့်ဖောင်းရစ်များ ကွာကျခဲ့ခြင်း၊ ကျောက်မျက်ကျေးရွာရှိ ရွှေမြင်တင်ဘုရားအာရုံခံအုတ်တိုက်မှာ အလျား (၁၅) ပေခန့် အက်ကြောင်းအကွဲ (၁) လက်မခန့် ဖြစ်ပေါ်ခဲ့ခြင်း။
( င) ကနီမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မိခင်နှင့် ကလေးကျန်းမာရေးဌာန၊ အဆောက်အဦခန့်မှန်း (၃၇x၂၇) ပေခန့်မှ မျက်နှာကျက် (၂၇x၁၆) ပေခန့် ပြုတ်ကျခဲ့ခြင်း၊ တွင်းကျေးရွာအုပ်စု၊ ပက်ကြားဝကျေးရွာ တောင်မြောက်ဆက်သွယ်သော 11KV ဓါတ်အားလိုင်း ကြိုးချင်းခတ်မိ၍ ပက်ကြားဝဘုန်းကြီးကျောင်း အနောက်ဘက် ခြံစည်းရိုးအနည်းငယ် မီးလောင်ခဲ့ခြင်း၊ ကင်းတောင်အုပ်စု၊ ညောင်သူများကျေးရွာ ကိုးနဝင်းကပ်ကျော်စေတီ သပိတ်မှောက်အထက် အက်ကွဲခဲ့ခြင်း၊ ဘုတ်ကျင်းကျေးရွာအုပ်စု၊ ဝယားကျေးရွာ သိမ်ဘုရားထီးတော်ယိုင်ခဲ့ခြင်း၊ ရွှေနဦးဘုရားနှင့် ဖောင်တော်ဦးဘုရား စိန်ဖူးတော် မြေခခဲ့ခြင်း၊ ချောင်းမကျေးရွာအုပ်စု၊ ချောင်းမ (ရ) ကျေးရွာ ဆုတောင်းပြည့်စေတီ သပိတ်မှောက်အောက် အက်ကြောင်းများထင်၍ ထီးတော်ယိုင်ခဲ့ခြင်း။
အောက်တွင် ဖော်ပြထားသော ဓါတ်ပုံအချို့မှာ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဓါတ်ပုံများ ဖြစ်ပါသည်-