ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ကွင်းကြီးကျေးရွာအုပ်စု လဲခုံကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့ပေးမှု အခြေအနေသတင်း

လေးမျက်နှာမြို့နယ် ကွင်းကြီးကျေးရွာအုပ်စု လဲခုံကျေးရွာ တွင် ဧပြီလ ၁၃ ရက်နေ့ (၁၂:၃၀) မှ (၁၅:ဝ၀) နာရီအထိ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁၂) လုံး၊ အိမ်ထောင်စု (၁၅) စု ၊ စုစုပေါင်း လူဦးရေ (၆၂) ဦး မီးဘေးသင့်ခဲ့ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ  ဒုဦးစီးမှူး ဦးရမ်ချွမ်းမန်၊ လေးမျက်နှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်မှူး၊ ဦးဇော်မင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှဒုရဲမှူး ဦးအောင်အုန်းထွန်း၊ ရပ်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ လိုက်ပါလျက် မီးလောင်သည့် နေရာသို့ကွင်းဆင်းပြီး ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးကို သွားရောက်ထောက်ပံ့ခဲ့ပါသည်။

Sign Up

Upcoming Events