(၁၇.၄.၂၀၁၆) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဆီရားကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေဖြန့်ဝေပေးမှုသတင်း

c2

(၁၇.၄.၂၀၁၆) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ ရေရှားပါးသောဒေသများသို့ သောက်သုံးရေများဖြန့်ဝေပေးရေးဆောင်ရွက် လျက်ရှိရာ ကလောမြို့နယ် ဆီရားကျေးရွာရှိ အိမ်ခြေအိမ်ထောင်စ ု(၁၅၀) ခန့်အတွက် (၇) ဂါလံဝင်ရေပုံး (၁၅၀)၊ စုစုပေါင်း (၁၀၅၀) ဂါလံအား ရှမ်းပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်နှင့်ဝန်ထမ်းများမှ သွားရောက်ပေးပို့ထောက်ပံ့ခဲ့ကြောင်းနှင့် နောက်ရက်များတွင် လည်း အလားတူရေရှားပါးသောဒေသများသို့ သောက်သုံးရေ ဖြန့်ဝေပေးရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Sign Up

Upcoming Events