စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် မီးဘေးသင့်ပြည်သူများအတွက်၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးမှုအခြေအနေသတင်း

၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ သခွတ္တောရပ် ၌ (၁၂-၄-၂၀၁၆) ရက်နေ့၊ (၀၄: ၀၂) နာရီ အချိန်တွင် မီးဘေးဖြစ်ပွားခဲ့ရာ အိမ်ခြေ (၂) လုံး မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးခဲ့ပြီး အိမ်ထောင်စု (၂) စုမှ လူဦးရေ စုစုပေါင်း (၁၀) ဦး မီးဘေးဒုက္ခကြုံတွေ့ခဲ့ရကြောင်း သတင်းရရှိပါသည်။

၂။ အဆိုပါဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သခွတ္တောရပ် မီးဘေးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၉၀၀၀ ) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၃၀၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး(၂) အိမ်ထောင်စာတို့ကို (၂)တို့ကို (၁၃-၄-၂၀၁၆) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။

Sign Up

Upcoming Events