Author Archives: RRD

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    ဧရာ၀တီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာအုပ်စု၊ ဆားမလောက်ကျေးရွာတွင် (၄-၁-၂၀၁၇) ရက်နေ့ နံနက်ပိုင်း၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းခဲ့သည့်နေအိမ် (၁၃) လုံး၊ အိမ်ထောင်စု (၁၃) စုမှ လူဦးရေ (၅၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဆန်ရိက္ခာ (၇) ရက်စာ  (၁၂၃၉၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၂၆၀၀၀၀/-)၊ စုစုပေါင်းရန်ပုံငွေ (၃၈၃၉၀၀/-) အား (၄-၁-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်/လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးခရီးစဉ်တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်း၊ … Read more

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်တွင် (၂၀-၁၂-၂၀၁၆) ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေး၌ ဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၁၄) ဦးတို့အတွက် ကဆရပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စုစာ၊  ဆန်ရိက္ခာ (၃) ရက်စာ (၁၂၆၀၀/-) နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) အား ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • DAN Mobile Application ဖြန့်ဝေဆောင်ရွက်နေမှုသတင်း

                Source:  ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁-၂၀၁၇) နေ့တွင် ဟင်္သာတမြို့ပေါ်ရှိ ဖုန်းဆိုင်များတွင် DAN mobile application ကိုထည့်သွင်းမိတ်ဆက်ပေးပြီး ဖုန်းဝယ်သူများနှင့် ဖုန်း software ထည့်သွင်းသူများကို အဆိုပါ application အား ထည့်သွင်းရှင်းပြရန်နှင့် ဖြန့်ဖြူးပေးရန် တိုက်တွန်းခြင်း၊ စတစ်ကာများ လိုက်လံကပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။  

  • DAN Mobile Application ထည့်ပေးခြင်းနှင့် စတစ်ကာများ ကပ်ပေးခြင်းတို့ ဆောင်ရွက်ပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၃-၁-၂၀၁၇) ရက်နေ့တွင် မြောင်းမြမြို့ဖုန်းဆိုင်များ၊ မြေစာရင်း၊ စိုက်ပျိုးရေး၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြန်ကြားရေး၊ စာရင်းစစ်ရုံး၊ ပညာရေး၊ ရဲစခန်း၊ ပို့ဆက်နှင့် မီးသတ်ဌာနများသို့ သွားရောက်၍ ပြည်သူများ သဘာဝဘေး၊ မိုးလေဝသအခြေအနေနှင့် ကယ်ဆယ်ရေးသတင်းများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် DAN Mobile Application ထည့်ပေးခြင်းနှင့် စတစ်ကာများ ကပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မြေင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)  

  • လပွတ္တာမြို့နယ်အတွင်းရှိ ဖုန်းဆိုင်များတွင် DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား ရှင်းပြမှုသတင်း

    လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂-၁-၂၀၁၇) ရက်နေ့နှင့် (၃-၁-၂၀၁၇) ရက်နေ့တို့တွင် လပွတ္တာမြို့ရှိ ဖုန်းဆိုင်များတွင် ပြည်သူများသဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များ မိုးလေဝသအခြေအနေနှင့် ကယ်ဆယ်ရေးသတင်များကို အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရန်အတွက်  ဖုန်း အရောင်းဆိုင်များတွင် DAN Mobile Application များကိုဖြန့်ဝေပေးခြင်း Application အသုံးပြု နည်း များအား ဖြန့်ဝေပေးခြင်းနှင့် DAN mobile Application ရယူအသုံးပြုပုံ ကြော်ငြာစတစ်ကာများအား ဖုန်းအရောင်းဆိုင်များတွင် ကပ်၍ဖြန်ဝေပေးခြင်းတို့ကို လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • နေ့စဉ်မိုးလေဝသ သတင်း

    (၁) သတင်းအမှတ်စဉ် နေ့စဉ်မိုးလေဝသ သတင်း (၂) ထုတ်ပြန်သည့်အဖွဲ့အစည်း၊ နေ့ရက်၊ အချိန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ (၃-၁-၂၀၁၇)၊ (၁၆း၀၀)နာရီ ထုတ်ပြန်ချက် (၃) လက်ရှိမိုးလေဝသအခြေအနေ မြန်မာစံတော်ချိန် (၁၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး နောက်(၂၄)နာရီအတွင်းပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားပါသည်။ (၄) မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်  နေရာအနှံအပြား မိုးရွာသွန်းနိုင်သည့် ဒေသများ- နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် … Read more

  • KOBO Mobile Applicationနှင့်DAN Mobile Application များအသုံးပြုပုံပြုနည်းသင်တန်း ဖွင့်လှစ်ပြီးစီးခြင်း

      သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်ကောက်ယူခြင်းနှင့် သတိပေးချက်များ ရရှိစေရန်အတွက် KOBO Mobile Applicationနှင့်DAN Mobile Application များအသုံးပြုပုံ ပြုနည်း ဆင့်ပွားသင်တန်းကို ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ (၃.၁.၂၀၁၇)ရက်နေ့တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းသားဦးရေ (၂၅)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ Source :   ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မင်းမအရှေ့ရွာ မီးဘေးအတွက် ထောက်ပံ့ပြီးစီးမှု

      ပုလဲမြို့နယ် မင်းမအရှေ့ရွာတွင် (၁-၁-၂၀၁၇)ရက်နေ့က ဖြစ်ပွားခဲ့သော မီးဘေးတွင် အိမ်(၁)လုံး မီးလောင်ခဲ့ရာ မီးဘေးသင့်အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ခေါက်ဆွဲခြောက် နှင့် family kits (၁)အိမ်ထောင်စာတို့အပြင် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး (၃)ရက်စာ ငွေ (၅,၄၀၀/-)ကျပ် စုစုပေါင်း ငွေ (၅၅,၄၀၀/-)ကျပ်တို့အား (၃-၁-၂၀၁၇)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ပုလဲမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံသို့ လွှဲပြောင်းပေးအပ်၍ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source :   စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events